Chapter 59 (U+Z)

5.7K 1.2K 141
                                    

-Unicode-

အခန်း ၅၉: အတိတ်အကြောင်း အဖြစ်မှန်၊ ကမ္ဘာ ပျောက်ဆုံးသွားရခြင်းအကြောင်း အဖြစ်မှန်

*T/N အကြံပေးတာပါ၊ လူကြားသူကြားမှာ မဖတ်ပါနဲ့ T-T

တုံးအတယ်‌ပြောရမလား၊ ကျွမ်းကျိုးက မသိတော့ပါဘူး။

ကျွမ်းကျိုးက အပြင်က မိုးကြိုးစစ်ဆေးချက်ကို စိတ်ပူစရာမလိုတော့ဘူးဆိုပြီး စိတ်တင်းထားတာကို ရုတ်တရက် လျှော့ချလိုက်တဲ့အတွက် ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ သတိမေ့သွားတော့တယ်။

"ကျိုးကျိုး!"

"သခင်!"

အပြင်မှာတော့ ကောင်ကင်ဘုံရဲ့ မိုးကြိုးကတော့ ထပ်ခါတလဲလဲ ပစ်ချနေတော့တယ်။

အစက မိုးကြိုးပစ်တဲ့အခါမှာ မိုးကြိုးလွှဲတွေကြောင့် တခြားကိုပဲ ပစ်မိတယ်။

ဒါပေမဲ့ မိုးကြိုးလွှဲတွေကပဲ အလုပ်မလုပ်တော့တာလား၊ ကောင်းကင်ဘုံရဲ့ စစ်ဆေးချက်ကပဲ နေရာမှားပစ်နေတာကို သိသွားသလား မပြောနိုင်။ နောက်ဆုံး မိုးကြိုးပစ်ချက်နှစ်ခုစလုံးက စစ်သင်္ဘောဝီဗန်ကိုပဲ သွားမှန်တယ်။

စစ်ဆေးချက်ကို လက်ခံရမဲ့လူတွေက စစ်သင်္ဘောအထဲမှာဖြစ်နေတာမို့ ရှောင်ဖော့လန်နဲ့ ကျွမ်းကျိုးကို ပစ်ဖို့ဆိုရင် မိုးကြိုးက စစ်သင်္ဘောဝီဗန်ကို ဖြတ်သန်းသွားမှရမယ်။

ဒီစစ်သင်္ဘောက တကယ်ပဲ ဂြိုလ်သိမ်ခါးပတ်တွေကို ဖြတ်သန်းသွားလာဖို့အတွက် စွမ်းရည်နဲ့ ပြည့်စုံတဲ့ သင်္ဘောတစ်စီးလို့ပဲ ပြောရမှာပဲ။ နောက်ဆုံး မိုးကြိုးပစ်ချက်နှစ်ခု စစ်သင်္ဘောပေါ်ကို တိုက်ရိုက်ကျသွားတာတောင်မှ သင်္ဘောရဲ့ခုခံကာကွယ်မှု အပြင်ဘက်ဆုံးအလွှာကိုပဲ ပျက်စီးသွားစေတယ်။

ကောင်းကင်ဘုံရဲ့ စစ်ဆေးချက်က ရပ်တန့်သွားပြီ။

မိုးကြိုးပစ်ချက် ၉ ချက်က ပြီးဆုံးသွားပြီ။

ရှောင်ဖော့လန်က သက်သာရာရသွားသလို သက်ပြင်းမောရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။

ကောင်းကင်ဘုံရဲ့ စစ်ဆေးချက်အဆုံးမှာ ရှောင်ဖော့လန်က သူနဲ့ သခင်ကို ခြုံလွှမ်းနေတဲ့ ရွှေဝါရောင်ကိုယ်ရောင်ကိုယ်ဝါတွေကို ချက်ချင်း ခံစားမိလိုက်တယ်။ ရှောင်ဖော့လန်က သူ့ကိုယ်ထဲမှာ အားတစ်ခု စီးဆင်းနေပြီး နည်းနည်းချင်းစီ ပြောင်းလဲနေသလိုမျိုး တစ်ကိုယ်လုံး နွေးထွေးပြီး သက်သောင့်သက်သာ ဖြစ်နေတာကို ခံစားမိလိုက်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now