Part 28(Uni+Zawgyi)

6.6K 247 6
                                    

Uni

"အမ် !!!"

​ရွှေဘုန်း လန့်သွား၏။ မနက်မိုးလင်း​တော့ ရင်ခွင်ထဲ ​ခေတ်​လေးက ကိုယ်​တွေ ပူ ​ပြီး ဖျား​နေသည် ။ တချက်ချက် လည်း ညည်း နေတာ ​​ကြောင့် ​ရွှေဘုန်းစိတ်မ​ကောင်းဖြစ်ရသည်။ ညက သူ ကြမ်းသွားတာ​ကြောင့် ​ခေတ်​လေး အခုလို ဖြစ်ရတာ ။ ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။ တကယ်ဆို ကိုယ် ယူထားတဲ့သူက ဒီ​လောက်နုနယ်တာ အခု​တော့ သူ​ကြောင့် ။ ​ရွှေဘုန်း ပျာယာခတ်ပြီး ​ခန့်မင်းဆီ ဖုန်းဆက်ရသည် ။ ခန့်မင်းကလည်း သူကို​ငေါက်၏ ။ အကို ​ခေတ်ကို သနားလို့တဲ့ ။ ကြီးသူကိုလည်းဖုန်းဆက်ပြီး ​ခေတ်ဖျား​နေလို့ ပင်လယ်စာ ဆန်ပြုတ် လာပို့​ပေးဖို့ ​ပြောထားသည်။

"အင်းး ​မောင် "

​"ခေတ်​လေး ​မောင်လာပြီ "

"ဘယ်လို​နေ​သေးလည်း
အရမ်းနာ​နေတာလား ​
မောင်မ​ကောင်းလို့ပါကွာ
​မောင့်ဆန္ဒကို ​ရှေ့တန်းတင်မိတယ်ကွာ
​မောင်စိတ်မ​ကောင်း လိုက်တာ "

​ခေတ်မျက်နှာ​လေးက နီရဲ​နေပြီး ပူ​နွေး​နေသည်။

​"မောင်က ကိုယ့်ကို ကိုယ် အပြစ်မတင်ပါနဲ့ ၊ ခေတ် က ပင်ပန်းတာ​တွေများပြီး ဖြစ်သွားတာ​မောင့်​ကြောင့် မဟုတ်ပါဘူး"

​"ခေတ် မျက်နှာသစ်ချင်တယ် "

​ရွှေဘုန်းသိတာ​ပေါ့ သူ့လက်ဆကို ​ခေတ် ထပြီး​ ရေချိုးခန်း မသွားနိုင်​လောက်​အောင်နာ​နေတယ်ဆိုတာ ။

​"မောင်ချီပြီး ပို့​ပေးမယ်​နော်
​မောင်က ချစ်တယ်​နော်
ပြွတ်စ်စ် "

​ရေချိုးခန်းထဲ ​ခေတ်ကို မျက်နှာသစ်​ပေးပြီး ၊ သွားတိုက်​ပေးပြီး ​ရေပတ်ပါ တိုက်​ပေးလိုက်သည် ။

​"မောင့် !!!"

"ဗျာ "

"အပြင် ခဏထွက်​ပေး
ခေတ် အ​​ပေါ့သွား ချင်လို့ "

"ဟား ​ခေတ်​လေးကလည်း ဘာမှရှက်စရာမလိုဘူး ​မောင် မြင်ဘူးပြီးသား ဒီတိုင်း​ပေါက် ​မောင် ​ခေတ်ကို တစ်​ယောက်ထဲထားခဲ့မှာ စိတ်မချဘူး "

"မရဘူး ထွက် "

​"ဩ ​ခက်ပြီ ​မောင့်ခင်ပွန်း​လေးက​တော့
ပြီး​တော့ ​မောင် ကြည့်စရာရှိ​သေးတယ် "

Forever Together  (Completed)Where stories live. Discover now