ဒီနွန်း(Arc 6.2)

10.1K 819 23
                                    

<Unicode>
"အဟက် သူမကကျုပ်အိပ်ဖူးသမျှထဲမှာဆွဲဆောင်မှုအရှိဆုံးပဲ သူမငြင်းဆန်နေတဲ့ပုံလေးကကျုပ်သွေးကိုပိုဆူစေတယ် အို အားလုံးခြုံငုံပြောရရင်သူမကအရမ်းအရသာရှိတယ် စိတ်မကောင်းစရာကသူမကနောက်နေ့မနက်မှာပဲသတ်သေသွားတယ် ကျစ် ကျစ် နှမြောစရာပဲ မဟုတ်ရင်သူမထပ်မြည်းစမ်းကြည့်ချင်သေးတာ"

ဒုန်းး

စကားဆုံးသည်နှင့်ဘုရင်မကြီးအာစားပွဲခုံအားရိုက်ချလိုက်ပီးအံကိုကြိတ်ကာဒေါသထွက်သွားတော့သည်။မငိုမိအောင်ထိန်းချုပ်နေရသည်မို့မျက်လုံးများဟာရဲတောက်နေသည်။အီသန်တော့ဘယ်လိုနေလဲမသိပေမယ့်ချောင်းကြည့်နေတဲ့ဒီနွန်းတောင်ကြက်သီးထသွားရသည်။

"ဘာလုပ်နေတာလဲ"

"ရှူးးတိုးတိုး ချောင်းကြည့်နေတာ"

"....."

"ဟင်!"

"ဘာတေမဟုတ်တာလုပ်နေလို့လန့်သွားရတာလဲ"

"မ မလုပ်ပါဘူး"

ဒီနွန်းသူ့ရှေ့မှသံချပ်ဝတ်စုံကြီးဖြင့်ရပ်နေသည့်လူကြောင့်ခြေများပင်မခိုင်ခြင်တော့။

"အခန်းထဲမှာဆွေးနွေးနေတာကိုချောင်နားထောင်နေတယ်မလား"

"ဟုတ်ကဲ့ မဟုတ်ဘူး!ဟို ဟို"

"ဟေ့ ဟေ့ အရမ်းမလန့်ပါနဲ့ ကိုယ်ဘာမှမလုပ်ပါဘူး"

ထိုလူကသူ့ကိုမကြောက်စေရန်သံခမောက်ကိုချွတ်ကာဘေးသို့ချလိုက်သည်။

*ဝါးး ချောလိုက်တာ*

"ဟိတ် အရုပ်လေး ဘာတေငေးနေတာလဲ"

"ဟင့်အင်း"

ဒုန်းး

"သူမကပြန်လာမှာ သူမကကတိပေးခဲ့တယ်!"

"သေသွားတဲ့တစ်ယောက်ကိုစောင့်နေတာရူးနေလို့ပဲပေါ့!"

"ကောင်းပီ စစ်ပွဲအတွက်ပြင်ဆင်ထားလိုက်ပါတော့"

"ဟက် မိန်းမတစ်ယောက်အုပ်ချုပ်တဲ့တိုင်းပြည်ကဘယ်လောက်အင်အားရှိမှာမို့လို့လဲ"

ထိုစကားတစ်ခွန်းကိုတချိန်မှာနောင်တတရားဖြစ်သွားနိုင်မှန်းသိခဲ့ရင်သူပြောခဲ့မည်မဟုတ်။

Revenge System(Completed)Where stories live. Discover now