Chapter 22.2

4.6K 779 10
                                    

(Unicode)

"မလှုပ်လိုက်နဲ့"ခဲယ်လ်တစ်က ပိုင်မုရဲ့ရှေ့မှာ ရပ်လိုက်တယ်။သူတို့က အခု အရမ်းနီးကပ်နေပြီး တစ်ယောက်နဲ့တစ်ယောက် ထိမိလုနီးပါးပဲ။သူတို့က တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုတောင် ခံစားလို့ရနိုင်တယ်။ပိုင်မုရဲ့မျက်၀န်းတွေရှေ့မှာ ခဲယ်လ်တစ်ရဲ့ သန်မာပြီး ကြေးနီရောင်ထနေတဲ့ ရင်ဘတ်ရှိနေပြီး တဖက်လူရဲ့ ယောက်ျားဆန်တဲ့အသက်ရှူသံက သူ့(ပိုင်မု)ရဲ့နှာခေါင်းထိပ်ပေါ်မှာ ရစ်ဝဲနေခဲ့တယ်။ပိုင်မုက သူ့ရဲ့နှလုံးခုန်သံက ထိန်းချုပ်မရနိုင်အောင် အရှိန်မြှင့်တက်လာပြီး သူ့ရဲ့လည်ချောင်းက အနည်းငယ်ခြောက်လာသလိုပဲ ခံစားမိတော့တယ်။ခဲယ်လ်တစ်က သူ့ရဲ့မူမမှန်မှုကို သတိမထားမိပဲ သူ့ခေါင်းပေါ်က သစ်ရွက်ကို ဖယ်ပေးဖို့ သူ့ကို ကူညီဖို့အတွက် သူ့(ခဲယ်လ်တစ်)ရဲ့လက်ကို မြှင့်လိုက်တယ်။

ဒီကိုယ်ဟန်အနေအထားနှစ်ခုက မပြတ်မသားဖြစ်နေပေမယ့် သူတို့ကတော့ ဘာအတွေးမှမရှိပါဘူး။ဘေးက လူသုံးယောက်က သူတို့ရဲ့မပြတ်မသားပုံပန်းသွင်ပြင်ကို မြင်တဲ့အခါ တိတ်တိတ်လေး ရယ်ခဲ့ကြတယ်။သူတို့ရဲ့ တုံးအတဲ့အစ်ကိုကြီးက နောက်ဆုံးတော့ တိုးတက်လာပြီ။

လူများစွာက နေ့လည်စာစားခဲ့ကြပြီး ခဲယ်လ်တစ်က ခြင်္သေ့လေးနဲ့အတူ မချန်နေရစ်တော့ပဲ အစာစုဆောင်းဖို့ သူတို့နောက်လိုက်ခဲ့တယ်။ခြင်္သေ့လေးက မမောပန်းတတ်တဲ့စွမ်းအင်လေးတစ်ခုလို အပေါ်နဲ့အောက်ကို လိုက်ခုန်နေပေမယ့် ကံအားလျော်စွာနဲ့ သူက ဝေးဝေးကို မပြေးနေပါဘူး။ဒါကြောင့် သူဘယ်နေရာကို လူးလှိမ့်သွားသွား သူတို့က မြင်နိုင်ပါတယ်။

"အစ်ကိုကြီး သား ငှက်ဥတွေတွေ့ခဲ့တယ် သိလား"ခြင်္သေ့လေးက လက်အပြည့်လောက်ရှိတဲ့ ဥအနည်းငယ်ကို ကိုင်ထားခဲ့ပြီး အညိုရောင်အပြောက်လေးတွေ လွှမ်းထားတဲ့ ဥတွေက ၀မ်းသာအားရနဲ့ တုံးလုံးလေးလဲနေကြတယ် ။

"ပြန်ရင် မင်းအစ်ကို,ကို မင်းအတွက် ချက်ခိုင်းလိုက်လေ"ခဲယ်လ်တစ်က သူစိတ်လှုပ်ရှားနေတာကို ကြည့်ပြီး လှိုက်လှိုက်လှဲလှဲပြုံးလိုက်ကာ လက်ဆန့်လိုက်ပြီး သူ့ရဲ့ခေါင်းလေးကို ပွတ်သပ်လိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now