Unicode
အခန်း(၁၄၁)သူ၏မိဘများနှင့် တွေ့ဆုံခြင်း
ရွှီပိုင်ရှန်းမေ့လဲသွားသည့်နေ့မှာ ကုကျင်နှင့်မုမျင်ချန် တို့၏ သူ့မိဘများဆီသွားလည်ဖို့ အစီအစဉ်က ဖျက်သိမ်း လိုက်ရသည်။ ရွှီသခင်ကြီး တက်နေသောဆေးရုံသို့ တန်း သွားလိုက်ရတာကြောင့်ဖြစ်သည်။
ရွှီသခင်ကြီး၏အဆင့်အတန်းအရ သူတက်နေသော ဆေးရုံဟာ ပြည်နယ်ကနေ သူ့လိုပုဂ္ဂိုလ်တွေအတွက် အထူးစီစဉ်ပေးထားသော အကောင်းဆုံးဆေးရုံပဲဖြစ်မည်။
အစကတော့ ကုကျင် မသွားချင်ခဲ့။ သို့သော် ရွှီသခင် ကြီးသည် သတိမေ့နေရာမှ ပြန်လည်လာခဲ့ပြီး သူမကိုပါ တွေ့ချင်ပါသည်ဆို၍ မုမျင်ချန်ကို ခေါ်ခိုင်းလိုက်လို့ ဖြစ် သည်။
မုမျင်ချန်၏ အငယ်ဆုံးဝမ်းကွဲညီမလေး ရွှီကျောင် ယွင် ဖုန်းထဲမှာပြောတာကတော့ လူအိုကြီးသည် အစ်ကို အကြီးဆုံးကို စိတ်တိုရလွန်းလို့ လှုပ်တောင်မလှုပ်နိုင်ဘဲ ကုတင်ပေါ်မှာ လှဲနေရသတဲ့။ အခု လူအိုကြီးက သူ(မုမျင် ချန်)နှင့် ယောင်းမလေးကိုသာ တွေ့ချင်ပါသတဲ့။
ထိုအချက်ကြောင့် သူတို့ သွားမလည်ခဲ့ပါလျှင် မကောင်းတော့ချေ။ ထို့အပြင် မုမျင်ချန်၏မိဘများလည်း ထိုဆီ ရောက်နေသည်။
မုမျင်ချန်သည် ဘယ်သူ့ကိုကြိုက်မလဲ၊ ဘယ်သူနဲ့ အတူရှိချင်သလဲဆိုတဲ့အပေါ် ကိုယ်ပိုင်ဆုံးဖြတ်လို့ရနိုင်ပါ သော်လည်း ကုကျင်ကတော့ သူ့မိဘများအား အကောင်း မြင်စေချင်ပါသေးသည်။ ဘာပဲပြောပြော နောက်ဆယ်စု နှစ် အနည်းငယ်ခန့်တော့ တစ်ဉီးနဲ့တစ်ဉီး မကြာခဏ တွေ့နေကြရဉီးမည်မလား။ အဆင်မပြေတာထက် အဆင် ပြေတာက ပိုကောင်းသည်လေ။
"အမေ, အဖေ"
မုမျင်ချန်သည် ပန်းများကို ကိုင်ထားသော ကုကျင် လက်ကိုဆွဲ၍ တံခါးရှေ့မှာ စောင့်ဆိုင်းနေသော သူ့မိဘ များထံ သွားလိုက်သည်။
"မျင်ချန်, သားရောက်လာပြီ.. မင်းအဘိုးက အဆင် ပြေပါတယ်.. သူက ဒီတိုင်း....."
သိမ်မွေ့၍ကျက်သရေရှိသော အဖြူရောင်အမျိုးသမီး ဝတ်, ဝတ်စုံကို ဝတ်ဆင်ထားသော ရွှီကျယ်သည် ဆေးရုံ တံခါးနားမှာ တတောက်တောက် လျှောက်နေခဲ့ခြင်းဖြစ် သည်။ သူမသားဖြစ်သူ၏အသံကို ကြားသောအခါ ပြန်လှည့်ကြည့်လာပြီး ပြောချင်နေသည့် နောက်ဆုံး စကားလုံးမှ တစ်သွားသည်။
VOCÊ ESTÁ LENDO
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
