ဒီနွန်း(Arc -6.4)

10K 909 10
                                    

<Unicode>
သီချင်းတစ်ပုဒ်လုံးပီးသွားတော့မီးများပြန်လည်မှိတ်သွားတော့သည်။ဘုရင်မကြီးမှာထိုင်ခုံတွင်ငြိမ်သက်စွာထိုင်နေပီးစကားတစ်ခွန်းမှမပြောတော့ပေ။

"အစ်မတော် အဆင်ပြေရဲ့လား"

"အပြင်မှာခနလောက်လေညှင်းသွားခံအုံးမယ်"

"လိုက်ခဲ့ရအုံးမလား"

"နေ နေ စစ်သူကြီးရဲ့အစ်မတော်ကိုဘယ်သူကလုပ်ကြံရဲမှာလဲ"

မွန်းကြပ်နေတဲ့ရင်ဘတ်အားဖိကာဥယျာဉ်ထဲမှခံတန်းလေးပေါ်ထိုင်ချကာမျက်ရည်များကိုစီးကျခွင့်ပြုလိုင်သည်။ထိုအချိန်မျက်နှာရှေ့ရောက်လာတဲ့ပုဝါလေးတစ်ခု။

"ကျွန်မရဲ့ပုဝါကသန့်ပါတယ် အဲ့ဒါကြောင့်အသုံးပြုလို့ရပါတယ်"

"ကျေးဇူး"

ပုဝါလေးကိုယူလိုက်တော့ထိုမိန်းကလေးကသူ့ဘေးတွင်ကပ်ထိုင်လေသည်။

ဒုတ် ဒုတ်

*ဒေစီ!*

ဒေစီသူ့နားရောက်လာတိုင်းခုန်တတ်တဲ့သူ့ရဲ့နှလုံးသားကဒီကောင်မလေးအနားရောက်တော့ထခုန်တယ်တဲ့လား။ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။

"ကျွန်မကရိုစီတာပါ"

"နာဖရာ"

"ဟုတ်နာဖရာ ဘာဖြစ်လို့ငိုနေတာလဲ ဘုရင်မတေကမငိုတတ်ဘူးထင်နေတာ"

"ဘုရင်မမှာလဲခံစားတတ်တဲ့နှလုံးသားရှိတယ်လေ"

"ဟုတ်တော့ဟုတ်ပေမယ့် ဘုရင်မတေငိုတာတခါမှမမြင်ဖူးတော့လေ ဟီးး"

သွားလေးစိကာရယ်ပြတဲ့ကောင်မလေးကဂါဝန်စလေးကိုလက်ဖြင့်လုံးချေနေသေးသည်။ထိုလက်လေးသို့အကြည့်ရောက်သွားတော့လရောင်ရဲ့အလင်းကြောင့်ပြတ်သားစွာမြင်နေရတဲ့အနီကွက်လေးတေ။ထိုလက်လေးကိုဆွဲယူကာကြည့်မိတော့နာသွားသယောင်မျက်နာလေးမဲ့သွားသည်။

"လက်ကဘယ်လိုဖြစ်တာလဲ"

"မင်းကြီးအပြစ်ပေးထားတာ"

"အပြစ်?ဘာလို့လဲ"

"မင်းသားဒီနွန်းနဲ့ရန်ဖြစ်ရင်းသူ့မျက်နှာကိုကုပ်လိုက်မိလို့"

Revenge System(Completed)Where stories live. Discover now