အပိုင်း ၈ (အပိုင္း ၈)

490 79 63
                                    

Unicode

"ခွေးကောင်! "
ယွန်းဂီက ရယ်ရင်းပြောနေ၏။

ထိုအခါမှ ထိုလူတွေက မျက်နှာကိုအုပ်ထားသောအဝတ်များကို ချွတ်ပစ်ကြ၏။

"မင်းလန့်သွားတယ်တော့လုပ်လိုက် ဟဲဟဲ"

"ငါကဘာလို့လန့်ရမှာလဲ မင်းအသံနဲ့မင်းရဲ့မှေးနေတဲ့မျက်လုံးကိုလေ ခွေးချီသွားတောင်မှတ်မိတယ် ကင်နမ်ဂျွန်း"

"ခွေးကောင် ယွန်းဂီ  ကားအဆင်သင့်ဖြစ်ပြီ"

"ကောင်းပြီ"

နမ်ဂျွန်းသည် ယွန်းဂီ၏ သူငယ်ချင်းအရင်းကြီးဖြစ်၏။
မကြောက်တတ်တဲ့ယွန်းဂီကို လန့်အောင်အမျိုးမျိုးစတာလည်း အမှတ်မရှိတဲ့သူ့အပြင်နှစ်ယောက်မရှိ

"ဆိုဘင် ငါအားလုံးစိတ်ချမယ်နော်"

"စိတ်ချပါဆရာ ခရီးလမ်းချောမွေ့ပါစေ
သခင်လေးရော ကောင်းကောင်းသွားပါဗျ"

ဆိုဘင့် အပြောကို ဟိုဆော့မကြည့်ပဲခေါင်းသာညိတ်ပြလိုက်သည်။
နှုတ်ဆက်စရာလည်းမလိုသလို ရင်းလည်းမရင်းနှီးချင်ပါ
စိတ်ပျက်စရာစခန်းကြီးက ထွက်လာရတာပဲ ကံကောင်းလှနေပြီ...
နောက်ကိုခြေဦးပြန်လှည့်စရာအကြောင်းမရှိ...

လိုက်ပို့သော ဆိုဘင်နှင့်ကျန်တဲ့တပည့်များက စခန်းကိုပြန်ကြရ၏။
ယွန်းဂီနှင့် ဟိုဆော့မှာ နမ်ဂျွန်းလာကြိုသောကားဖြင့်လိုက်ရမည်ပင်

အရင်ဆို ယွန်းဂီကို  တပည့်တပန်းတွေက ကားတံခါးအဆင်သင့်ဖွင့်ပေးရ၏။
ယခုတွင် ယွန်းဂီမှာ ကားတံခါးကိုဖွင့်ပေးပြီး
ဟိုဆော့ကို အရင်ဝင်စေသည်...

ဒီကောင်လေးက ဘယ်သူမို့လို့ ယွန်းဂီက
သည်းသည်းလှုပ်ဖြစ်နေရတာလည်း...
ဒါမှမဟုတ်  ယွန်းဂီထက်ဆရာကျတဲ့ ဓားပြဗိုလ်ကြီးများလား...
ဟာ မဟုတ်သေးပါဘူး သူ့ပုံလေးကနူးနူးညံ့ညံ့လေးရယ်...

ဟိုဆော့အဖို့ ပထမဆုံးဇိမ်ခံကားကြီး စီးဖူးခြင်းဖြစ်သည်။
ကားမူးတတ်တဲ့ဟိုဆော့ မှာအခက်တွေ့ရ၏။

"မူးနေလို့လား"

ဟိုဆော့ဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်သည်။
တစ်ကယ်ပါပဲ မူးလို့မလှုပ်နိုင်တာမြင်ရဲ့သားနဲ့ အပိုစကားတွေပြောလွန်းတဲ့လူကြီး...

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now