အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။

4.2K 878 22
                                    

Unicode

အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။

[တကယ်‌တော့ လူငယ်သူရဲကောင်းကုကလည်း သနားစရာလေးပါ... ]

ဖန်ရှီနှင့် ဖူလင်းယွင်တို့သည် လွတ်မြောက်သွားပြီ ဖြစ်သော်လည်း ကုဖေးတိသည် ပြန်လာရန် ဆန္ဒရှိခဲ့သောကြောင့် နောက်တဖန် ထွက်ပြေးမည် မဟုတ်တော့ပေ။

မြေရိုင်းလွင်ပြင်၏ ဆောင်းဦးညများသည် အလွန် အေးစိမ့်ပေသည်။ ထို့ကြောင့် စုယန်သည် ညဘက်တွင် အလောတကြီးခရီးနှင်ရန် မလုပ်တော့ဘဲ တစ်ည အိပ်စက်ပြီး နောက်တစ်နေ့မှဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် လက်အောက်ငယ်သား များကို စခန်းချ၊ မီးမွှေးရန် အမိန့်ပေးလိုက်၏။

မေ့ရှစ်စန်းက ကန့်ကွက်ခြင်းမရှိပေ။ သူသည် တိတ်တဆိတ် အမိန့်နာခံခဲ့ပြီး ပန်းလက်ထောက်များနှင့် စခန်းချခဲ့လေသည်။

အကျဉ်းသားတစ်ဦးအနေဖြင့် ကုဖေးတိသည် ကြိုးဖြင့် ချည်နှောင်ထားခံသင့်သော်လည်း အစောပိုင်း ဖြစ်ရပ်များအပြီးတွင် သူတို့အားလုံးသည် ကုဖေးတိက လွတ်မြောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သိမြင်ခဲ့ကြရပြီး သူ့ကိုလွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးခဲ့ကြသည်။

ကုဖေးတိသည် သူ့လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို စနစ်တကျ ပတ်တီးစည်းထားလိုက်သည်။ ပြီးနောက် စုယန်၏ ကူရှင်နှင့် သားမွေးစောင်ကို ဖြောင့်စင်းအောင်လုပ်လိုက်ပြီး စုယန်ဘေး၌ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်လိုက်လေ၏။

စုယန်သည် ပန်းလက်ထောက်များကို ကုဖေးတိအား စောင့်ကြည့်ထားစေရန် ဆန္ဒမရှိပေ။ မေ့ရှစ်စန်းနှင့် အခြားသူ များသည် အစောပိုင်းတိုက်ပွဲကြောင့် ကုဖေးတိကို စိတ်ဆိုးပြီး သူ့နောက်ကွယ်တွင် ညှဉ်းပန်းနှိပ်စက်မည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် ကုဖေးတိအား သူ၏ခေါင်းအုံးအဖြစ်ထားရန် အမိန့်ပေးခဲ့၏။ သူ၏ခေါင်းအုံးအား မည်သူမှ လာရောက်ထိပါးခွင့် မရှိချေ။

ကုဖေးတိသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ၏ ခြေထောက်များကို ဆန့်တန်းပေးထားကာ သားမွေးစောင်ဖြင့် ပတ်ထားသော စုယန်ကို သူ့ပေါင်ပေါ်၌ လှဲလျောင်းခိုင်းလိုက်၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now