Chapter...8

28.5K 1.9K 55
                                    

ဝပ်ရှော့ပိုင်ရှင်ကအလုပ်သဘောအရ ပိုက်ဆံ
ရချင်တာကြောင့် တည်စေရာမိုင်ကို တောင်း
ပန်ခိုင်းလေ၏။ ငွေတစ်မျက်နှာပဲကြည့်တဲ့
ဒီလိုခေတ်ကြီးထဲမှာ ငွေများရာဘက်ကိုပဲ
အနိင်ပေးတတ်ကြတာထုံးစံပင်။

တည်စေရာမိုင်အတွက်တော့ ဒီလောကမှာ
ကျင်လည်နေတဲ့ဘုရင်တစ်ဆူဖြစ်တဲ့အတွက်
လူတွေရဲ့နောက်ကွက်ကဟန်ဆောင်မျက်နှာ
ဖုံးကကြောက်ဖို့ကောင်းကြောင်းဆိုတာသိ
ထားနှင့်ပြီးသားပင်။ ဝပ်ရှော့ပိုင်ရှင်က သူ့ကို
ဘုမသိဘမသိပဲတောင်းပန်ခိုင်းနေတာကဘယ်အရာအတွက်လဲဆိုတာသိသာနေပြီးသား..
သို့ပေမဲ့ သူ့ကိုတွေ့ရင်ဘယ်တော့မှမဆိုနှိမ့်ချ
ချိုးနှိမ့်ရမှာကျေနပ်သည့် နိူင်းတုမဟာကို
တော့ လုံးဝမကျေနပ်နိင်ပေ။

မာနရိပ်တွေပြည့်နေတဲ့ နှုတ်ခမ်းဖူးဖူးပိုင်ရှင်
လေးကတော့ ခပ်ထေထေအပြုံးလေးနဲ့လူကို
မတူမတန်သလိုအကြည့်နှင့်ကြည့်ကာ သူနှင့်
အဆင့်အတန်းကွာခြားသည်ကို ဒီလိုနည်းနှင့်
ပါးနပ်စွာပြသလိုက်လေ၏။

တည်စေရာမိုင်ဆိုတဲ့ယောင်္ကျားက အရင်ထိ
လို့မရတဲ့သေလောက်အောင်ကြောက်ဖို့ကောင်းတဲ့ယောင်္ကျားဆိုတာ အလှလေးကမသိ
သေးဘူးပဲ။

Ok....မင်းနဲ့ငါ့ရဲ့Gameကိုဒီအချိန်ကစပြီးစ
လိုက်ကြတာပေါ့အလှလေး.....။

သက်ပြင်းတစ်ချက်ချခါ ပြုံးလိုက်ပြီးနောက်..

"တောင်းပန်ပါတယ်...အရင်ကရိုင်းစိုင်းခဲ့တာ
တွေအတွက်ကော....အလိုက်မသိခဲ့တာတွေ
အတွက်တောင်းပန်ပါတယ်"

နိူင်း အနေနဲ့ပျော်ရမည့်အစား တည်စေရာမိုင်
ရဲ့တောင်းပန်မူက သွေးကြောထဲအထိ တုန်
လှုပ်သွားစေ၏။ မဖြစ်နိင်တာ သူကတောင်း
ပန်တယ်တဲ့လား...။

အက်ကွဲကွဲအသံနှင့် အေးစက်စက်အကြည့်
တို့ကြောင့် လူပင်ဒူးမခိုင်ချင်တော့...ဘာလို့
များသူကိုကြောက်နေသလိုခံစားသွားရတာ
လဲ။လေသံမပျော့မမာနှင့် လူကိုသွေးတိုးစမ်း
လိုက်သလိုအကြည်တွေ...အားး ဒီပွဲကငါနိင်
လိုက်တာလေ။

"နောက်ခါအလုပ်ခန့်ရင် ဒီလိုအရိုင်းအစိုင်း
တွေကိုအလုပ်မခန့်ပါနဲ့...ဧည့်သည့်တွေကိုဘယ်လိုဆက်ဆံရမလဲဆိုတာ သေသေချာချာ
သင်ပေးလိုက်ပါ...လူကျင့်ဝတ်လည်းနားလည်အောင်လုပ်ထားပေါ့...အခုမှတွေ့ဖူးတဲ့လူ
ကိုအတင်းဝင်ရောချင်တဲ့အကျင့်တွေကိုပါ
ပျောက်သွားအောင်ပိုပြီးသင်ပေးလိုက်ပါ"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now