Part...13

4.1K 399 20
                                    

ခန်းမတစ်ခု အသေချာပြောရလျှင်
ထိုခန်းမထဲ ခြေစလှမ်းလိုက်တာနဲ့
အဆင့်တန်းတစ်ခုကို အသေချာခံစား
မိအောင် ခမ်းနားလှတဲ့အပြင်ဆင်တို့နဲ့
လှပလွန်းနေတဲ့ခန်းမ၊ ကျူးရန် ၏
ဖိတ်ခေါ်ထားမှုအပြင် ပန်းချီကားချပ်
တွေကိုဆို သိပ်သဘောကျတဲ့
ရှောင်းကျန့်ကြောင့် ရိပေါ်မှာသူ့ရှောင်း
ကိုခေါ်ပြီး ထိုပွဲသို့ရောက်နေခြင်းဖြစ်သည်။ သူ့သဘောနှင့်သူ ရှောင်း
ကျန့်ကိုခေါ်လာပြီးမှ အလိုမကျမှု
ပေါင်းစုံနဲ့ မျက်ခုံးနှစ်စင်း ဝင်တိုက်လုမတတ် စူပုတ်နေတာလည်းရိပေါ်ပါပဲ။

ဟုတ်တယ်လေ။ စူပုတ်လည်းစူပုတ်
ချင်စရာ။ အပေါ်ထပ်အင်္ကျီပေါ်
ရေမှောက်သွားတာကြောင့် ကားပေါ်မှာချွတ်ထားခဲ့တဲ့ ရှောင်းကျန့် မှာ နီဆွေး
နေသော အောက်ခံရှပ်အင်္ကျီတစ်ထည်
တည်းနဲ့ လှချင်တိုင်းလှနေတာက
ရိပေါ် အတွက်ပြသနာပဲ။
အနီရောင်အင်္ကျီလေးက ပါးလှပ်နေ
လိုက်တာများ မီးရောင်အောက်တွင် ရှောင်းကျန့် ၏ အလုံးစုံသောအလှ
တရားတို့ကို ရုပ်လုံးပေါ်အောင်ကူညီ
နေသလိုပင်။

ဒါသက်သက်ရိပေါ်ကိုအငြိုးနဲ့နှိပ်စက်
နေတာ။

နဂိုကြည်တောက်နေတတ်တဲ့မျက်လုံးလေးတွေက အခုများတော့ သာမန်
ထက်ကဲ တလက်လက်တောက်လို့
ခန်းမတွင်းရှိ အပြင်ဆင်များကိုလိုက်ကြည့်နေပုံကိုက သဝန်တိုချင်စရာ
အပြည့်ဖြစ်နေ၏။

"မင်းငါ့လက်ကို ဆုပ်ထားတာ အရိုးကြေတော့မယ် ရိပေါ်"

ရိပေါ်၏အနားသို့ကပ်ကာ နှစ်ကိုယ်
တည်းကြားရုံမျှ လေသံဖြင့် ပြောလာ
သည်။ သူ့​ရှောင်း၏အပြောကြောင့်
ရိပေါ်ကတော့ ဆုပ်ကိုင်ထားတဲ့လက်
ဖဝါးလေးကိုအနည်းငယ်သာ လျှော့
ပေးလာသည်။

"ကိုယ့် အပေါ်ထပ် ​ခြုံထားဆိုနေ"

"မလိုက်ဘူးလေ ရိပေါ်ရယ်
ကြောင်တောင်တောင်ကြီးဖြစ်နေမှာပေါ့ "

သူဝတ်ထားတဲ့ပုံနဲ့ရိပေါ်ရဲ့အပေါ်ထပ်
ကိုခြုံလိုက်ရင်လုံးဝကြောင်နေမှာလေ။
လူတွေအများ ကြီးရှိနေတဲ့ပွဲမှာ
ရှောင်းကျန့် smart တော့ ဖြစ်ချင်ပါ
သေးတယ်။

OBSESSION ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now