Chapter 158

20K 3K 104
                                    

Unicode

မနက်ခင်းနေထွက်ချိန်၊ ကုန်းပိုးတိုင်းကစားရအောင်
__________________________________

သူတို့မကြာခင် ခရီးပြန်ဆက်ကြသည်။ ကျန်းမော့ချန်နဲ့ ယန်းချင်းချီက ငါးကင်တစ်ကိုက်လောက်ပဲစားခဲ့ရတာကြောင့် ဘီစကွတ်အချို့နှင့် အလဟဿဖြစ်သွားသည့် ခေါက်ဆွဲခြောက်အချို့ကို အဆာပြေအနေနဲ့ လမ်းလျှောက်ရင်းစားလာကြသည်။

တောင်တက်လမ်းက ရှည်လျားပြီးကြမ်းတမ်းတဲ့အတွက် ကျောပေါ်မှာအလေးကြီးတွေသယ်ပြီး လိုက်နေရသည့်မိန်းကလေးနှစ်ယောက်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအားနည်းလာသဖြင့် နောက်ပိုင်းတွေ သူတို့နောက်ကိုအမှီမလိုက်နိုင်တော့ပါ။ ယန်းချင်းချီ ထိုအခြင်းအရာကိုမြင်တော့ သူတို့ဝန်ထုပ်ဝန်ပိုးတွေအနည်းငယ်လျော့သွားအောင်ကူညီချင်သည်ဟု ကျန်းမော့ချန်ကိုပြောလိုက်သည်။

ကောင်မလေးနှစ်ယောက်က သိသိသာသာကြီးပင်ပန်းနေပြီဖြစ်သော်ငြား သူတို့နောက်ကြိုးစားပြီးလိုက်နေတာမြင်တော့ ကျန်းမော့ချန် ခေါင်းငြိမ့်သဘောတူလိုက်သည်။

''ရတယ်လေ ''

ကျန်းနင်ဝေးနဲ့မော့ရှောင်းရှောင်း သူတို့အနားရောက်လာမှာကိုစောင့်နေလိုက်သည်။

မော့ရှောင်းရှောင်းက သူတို့ရှေ့လျှောက်လာရင်း ရုတ်တရက်ကြီး ဘာလို့ရပ်လိုက်မှန်းမသိတာကြောင့်

''ဘာလို့ဆက်မသွားတော့တာလဲ ''

ယန်းချင်းချီ ညင်ညင်သာသာလေးပြောလာသည်။

'' မင်းနဲ့ကျန်းနင်ဝေးနဲ့ အစ်ကိုတို့ကိုအိတ်ပေးလေ အစ်ကိုနဲ့ချန်ကောနဲ့ကူသယ်ပေးမယ် အဲ့လိုဆို မင်းတို့သွားရလာရပိုအဆင်ပြေတာပေါ့ ''

''ဒီလိုလုပ်ခိုင်းလို့ဘယ်ဖြစ်ပါ့မလဲ '' မော့ရှောင်းရှောင်းငြင်းလာသည်။ '' ညီမတို့အရမ်းကြီးနှေးနေတာကပဲ အစ်ကိုတို့ကိုတော်တော်လေးနှောင့်နှေးစေမိပြီ အဲ့ဒါကို ဘယ်မျက်နှာနဲ့အထုပ်တွေကူသယ်ခိုင်းလို့ဖြစ်ပါ့မလဲ ''

''ဘာမှမဖြစ်ပါဘူး '' ယန်းချင်းချီ သူမကိုကြည့်ကာ '' အိတ်ကူသယ်ပေးတာလောက်ကတော့ ဘာမှအပန်းမကြီးပါဘူး အစ်ကိုတို့ကိုလူကြီးလူကောင်းဆန်ခွင့် ပေးတယ်လို့ပဲသဘောထားလိုက် ဟုတ်ပြီလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now