အပိုင်း ၁၂ (အပိုင္း ၁၂)

448 76 35
                                    

Unicode

ဟိုဆော့ကိုမြင်တာနဲ့ သွေးကစကားပြောသည်လားတော့ မပြောတတ်
ညီလေးတစ်ယောက်လိုခံစားရတယ်

ပုံစံက အူကြောင်ကြောင်နှင့်ချစ်ဖို့ကောင်း၏
စာသင်နေတဲ့တစ်လျှောက်လုံးလည်း စကားအပိုမပြော
လူတစ်ယောက်ပုံကိုအကဲခတ်လိုက်တာနှင့်
အဲ့လူ ဘယ်လိုခံစားနေရမှန်း ဆော့ဂျင်ခန့်မှန်းနိုင်သည်။

ဟိုဆော့ပုံစံမှာ စိတ်ဒဏ်ရာများစွာရထားတဲ့ကလေးတစ်ယောက်နှယ်

ဒီနေ့တော့ အရင်နေ့တွေကလိုမဟုတ်ပဲ
ထူးဆန်းနေ၏။
အရင်လိုကြောင်တောင်တောင်လေးမဟုတ်တော့
တစ်ချက်တစ်ချက်မဲ့ပြုံးလေးခိုးခိုးပြုံးတတ်သေးတာ
သူဘာကိုတွေးပြီးဖြစ်နေလဲဆိုတာတော့သူကိုယ်တိုင်ပဲသိလိမ့်မည်။

ထယ်ယောင်းကပြောသည်
ဟိုဆော့အကြောင်းကိုမေးကြည့်ပါလားတဲ့
ခင်ဗျားညီဖြစ်ရင်လည်းဖြစ်နိုင်တာပဲတဲ့

ဆော့ဂျင်မေးကြည့်ချင်၏။
ဆော့ငယ်လေးအမှန်တစ်ကယ်ဖြစ်နေတော့ရော ဘာတတ်နိုင်မည်နည်း။
တာဝန်မ​ကျေခဲ့တဲ့ အစ်ကိုတစ်ယောက်လိုခံစားနေရပြီး အခုဆိုသူကယွန်းဂီလက်ထဲမှာ...

"ဟိုဆော့ နေကောင်းရဲ့လား"

"ကောင်းပါတယ် ဆရာ ကိုယ်တွေလက်တွေနည်းနည်းကိုက်နေလို့"

ကိုယ်လက်ကိုက်တာရိုးရိုးသားသားမဖြစ်နိုင်ဘူးဆိုတာ လည်ပင်းကအနီကွက်တွေကသက်သေပင်
သူအနေခက်မှာဆိုးလို့ဘာမှတော့ထပ်မပြောခဲ့

အမှန်တစ်ကယ် ဟိုဆော့သာ ဆော့ဂျင်၏ ညီလေးမဟုတ်ဘူးဆိုပါလျှင်လည်း
ဆော့ဂျင်ချစ်ရပါသည်

ဒီလိုချစ်စရာညီလေးမျိုးရထားလျှင်
ဘယ်သူ့လက်ထဲမှထည့်ပေးနိုင်မည်မဟုတ်

"ဆရာ တစ်ခုလောက်မေးလို့ရမလား"

"ကျွန်တော်ဖြေနိုင်တာဆိုဖြေပါ့မယ်"

"ဟိုဆော့ မျိုးရိုးနာမည်ကဘာလဲ"

"ဂျောင် ပါဆရာ ဂျောင်ဟိုဆော့ပါ"

ထိုစကားကြားမှ ဆော့ဂျင်တစ်ကိုယ်လုံးလေပေါ်မြောက်သွားသည့်နှယ်
ဒါဆို ဟိုဆော့ဟာသူ့ညီလေးအစစ်အမှန်ပါ
နှုတ်ခမ်းပေါ်ကမှဲ့ရယ် ပါးချိုင့်သေးသေးလေးတွေရယ် ကမပြောင်းလဲခဲ့လို့
အခု ဂျောင်မျိုးရိုးဆိုတာသိရတော့
ဆော့ငယ်လေးဆိုတာ အသေအချာပင်

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now