Top system
arc1.8
ဇာတ်လိုက်-ကျန်းရွှီလျန်
ဇာတ်လိုက်မ-စုဖန်ရွင်
အရံဇာတ်ကောင်-ပိုင်ကျားချင်း
Host-နင်ယွင်လျင်
နင်ယွင်လျင်၏ညီလေး-နင်ယွင်နန်
နင်ယွင်လျင်မနေ့ကလည်းခေါင်းကိုက်နေပြီး မနက်ထိတောင်ကိုက်နေသေးတာမို့ အတော်လေးစိတ်ရှုပ်နေသည်။ ဒါပေမယ့်လည်းသူကမနက်စာကိုအမြန်စားပြီး ကျောင်းကိုသွားမလို့လုပ်၏။ သူ့ညီလေးကတော့အစောကြီးကတည်းက ကျောင်းသွားခဲ့ပြီ။ ဒီကောင်လေးတစ်ယောက်ယောက်ကိုတွေ့နေလားမသိ။ အစောကြီးသွားခဲ့တာ၊ ကျောင်းသွားတဲ့လမ်းတစ်လျောက်လုံး နင်ယွင်လျင်တစ်ယောက်ကားထဲမှာအိပ်လာခဲ့၏။ ထို့ကြောင့်ကျောင်းရောက်တဲ့အခါမှာ တော်တော်လေးကိုသက်သာလာပြီ။.သူတစ်ချက်ကားပေါ်ကဆင်းလိုက်တော့ ကျောင်းသူအများစုကသူ့ကိုဝိုင်းလာကြသည်။
"အဲ့သတင်းကအမှန်ပဲလားရှင့်"
မနေနိုင်တော့တဲ့ကျောင်းသူတစ်ယောက်က စမေးလာခဲ့သည်။
"ဘယ်ဟာကိုလဲ "
"ဟိုသတင်းလေ..ရှင်နဲ့ပိုင်ကျားချင်းရဲ့သတင်း"
နင်ယွင်လျင်လည်းခေါင်းရှုပ်နေတာကြောင့် မေးသမျှအကုန် အင်း ကြီးပဲဖြေလာခဲ့သည်။
သူမသိတာကတော့ နောက်ထပ်ပွဲဖြစ်နေပြီဆိုတာပင်။
"အား.သတင်းတွေကအမှန်ပဲတဲ့ သူကိုယ်တိုင်ရှင်းပြခဲ့တာ" videoနှင့်တကွ....
"အား.ကြိုက်ပြီလေ.. အဟိဟိ.."
"ဒီနေ့ကစပြီး shipပြီ"
"Me too"
"ဟဟ ငါလည်းပါမယ်"
"ငါ့ကိုရောထည့်ပေး"
"အိုကေ အခုထည့်ပေးလိုက်မယ်"
နင်ယွင်လျင်စာသင်ခန်းဘက်ကိုလာခဲ့လိုက်သည်။ တစ်လမ်းလုံး မိန်းကလေးတွေကသူ့ကို လက်ညိုးတစ်ထိုးထိုးနဲ့ စကားတွေပြောနေတာကြောင့် သူလည်းအမြန်သူ့ရဲ့အခန်းထဲကိုလာခဲ့လိုက်သည်၊
အခန်းထဲရောက်တော့လဲ အခန်းထဲကလူတွေကသူ့ကိုစစ်လားဆေးလားလုပ်နေကြသည်။ ဆရာလာမှပဲညိမ်သက်သွားခဲ့သည်။ သူတို့လည်းစာစသင်ကြ၏။
ВЫ ЧИТАЕТЕ
ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်system
Любовные романыဒါကေတာ့ ကိုယ့်ရဲ့ first oc.ficလေးပါရှင့် ဝင်ဖတ်ပေးကြပါအုံးနော် ချစ်လေးတို့ start date... 23.4.2022 end date.......
