Chapter - 19 (Part 2)

387 72 0
                                    

Unicode

အဲဒီ့အချိန်က တော်တော်ကြာခဲ့ပါပြီ။ ဆယ့်သုံး​ယောက်မြောက်မဒမ်နဲ့ သခင်ကြီး​ကျောင်းစီတို့က အကြိမ်များစွာ မလာရောက်ခဲ့ကြ​ပေမယ့် ငါနဲ့ ​ကျောင်းကုန်းဇီတို့က​တော့ ဖုန်းဆက်လာတာနဲ့တပြိုင်နက် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိရှိထားပြီး​နေပြီဖြစ်တယ်။ တစ်ခါတ​လေမှာ​တော့ ငါတို့က အချိန်မီမလုပ်နိူင်တဲ့အတွက် ငါတို့ အိမ်မှာမရှိဘူး, ပြီး​တော့ တံခါးသော့​တွေကို ပြောင်းထားပြီလို့ လိမ်ညာပြောတတ်ကြတယ်။ တစ်ခုတည်းသောအကြောင်းအရာကတော့ တစ်ခါတုန်းက သခင်ကြီး​ကျောင်းစီက ဦးလေးတာ့လီကို တံခါးကူဖွင့်ခိုင်းတဲ့အချိန်မှာ ငါနဲ့ ​ကျောင်းကုန်းဇီတို့က နီရဲ​နေတဲ့လက်​တွေနဲ့ ဆိုဖာ​ပေါ်မှာ 18+ ဆန်ဆန်ဖြစ်ပျက်​နေခဲ့ကြတာပဲ။ အဲ့ဒီနောက်မှာတော့ ငါတို့ အဲ့လိုလိမ်ညာ​ပြောတာကို သိပ်မသုံးဖြစ်တော့ဘူး။ အဲ့ဒါက ​ကျောင်းကုန်းဇီရဲ့ အပြစ်ပါ။ ငါက အပြင်ထွက်ဖို့ အစကတည်းက စီစဉ်ထားခဲ့ပေမယ့်, ဘယ်လိုပဲဖြစ်ဖြစ် တံခါးကို သော့ခတ်ထားတာကြောင့် သူ့အဖေက စဥ်းစားသမှုပြုပြီး အိမ်ပြန်ရမယ်ဆိုတာကို သိသွားလိမ့်မယ်လို့ သူက ပြောတယ်။ ​ကျောင်းကုန်းဇီက အရမ်းစိတ်ရှုပ်ဖို့​ကောင်းတာပဲ။

အခုဆို ငါတို့က ဘယ်အ​စေခံကိုမှ အလုပ်​မခန့်​​ရသေးသလို သူတို့ကို ငှားဖို့လည်း မတတ်​နိုင်​​တော့ဘူး။ အဲ့အပြင် ​ကျောင်းကုန်းဇီက သူ့ဒဏ်ရာ​ကြောင့် အိပ်ယာထဲမှာပဲနေဖို့ အကြောင်းပြချက်တစ်ခုရထားတာ​ကြောင့် အိမ်မှုကိစ္စတွေကို ငါပဲ လုပ်ရမယ်​လေ။

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "အဲ့ဒါကို ချထားလိုက်"

ငါက ပြန်​ဖြေလိုက်တယ်, "ရပါတယ်, အနားယူ​နေပါ, ငါ လုပ်နိုင်တယ်"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "​လောင်ဇီ ယူရိုတစ်ရာနဲ့ဝယ်ပြီး အလှဆင်ထားတဲ့ဟာကို ချလိုက်ဖို့ မင်းကို ပြောနေတာ, သန့်ရှင်းရေးလုပ်ဖို့ ဟန်ဆောင်ပြီး အဲ့ဒါကို မတော်တဆ ထပ်ခွဲပစ်ဖို့ မစဉ်းစားနဲ့, အခု လာဇီက လက်​တွေ မလှုပ်ရှားနိူင်သေးဘူး"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now