အပိုင်း ၁၃ (အပိုင္း ၁၃)

437 69 23
                                    

Unicode

တစ်ချက်တည်းကို အားပါပါနဲ့ ရိုက်ပစ်ချင်ပေမယ့်...
မူးနေတော့ အားမပြင်းမှာဆိုးလို့နှစ်ချက်ဆင့်ရိုက်ခဲ့သည်။

"ဒါမျိုးကိုမှ အလျော်အစားလို့ခေါ်တာ"

"နင်...တောက်စ်"
ဂရေ့စ် ကစိတ်ဆိုးမာန်ဆိုးဖြင့် ပြေးထွက်သွား၏။

ဟိုဆော့ကို ရိုက်လိုက်တဲ့ဒဏ်ရာက ပါးပေါ်မှာထင်းလို့
ဂရေ့စ်မှာတော့ ဟိုဆော့ရိုက်တာအားသိပ်မပြင်းသဖြင့် အနည်းငယ်သာရဲသွားသည်။

အမူးပြေသွားပေမယ့် ခေါင်ကထိုးကိုက်လာ၏။
ပါးလည်းနာသွားလို့လားမသိ လူကပစ်လဲချင်လာပြီ...

ထိုစဥ် ပစ်လဲခါနီး ဟိုဆော့ကို လူတစ်ယောက်ကနောက်မှ ဝင်ထိန်းလိုက်၏။

"ဘယ်လိုဖြစ်ရတာလဲ...ဟိုနားမှာခနသွားထိုင်ရအောင်"

ထိုလူရွယ်က ဟိုဆော့ကို ပါတီပွဲလုပ်ရာဟိုတယ်အနောက်ဖက်က အပင်တစ်ခုအောက်သို့ခေါ်သွား၏။

"ရော့ ရေ သောက်လိုက်အုံး"

"ကျေးဇူးပါ"

"ခနနာလိုက်အုံး ပြီးမှ ပါတီကိုပြန်သွားပေါ့"

ထိုလူရွယ်က
ဟိုဆော့ကိုတစ်ယောက်ထဲထားခဲ့ကာ
လှည့်ထွက်လာစဥ်

"ဆရာ..."

လူရွယ်၏ ခြေလှမ်းတွေရပ်တန့်သွား၏။

"ဆရာဆော့ မဟုတ်လား"

ရုပ်ကိုမမှတ်မိတောင် ဒီအသံနှင့်ဒီလက်တွေကို သူနေ့တိုင်းကြားရမြင်ရသည်မဟုတ်ပါလား
ဟိုဆော့သည်လောက်ထိတော့ မတုံး အ, သေး


ပါးနှစ်ဖက်ကိုကိုင်ကာ ငိုပြီးပြေးလာတဲ့
ဂရေ့စ်...
"ယွန်းဂီ ဟင့် ဟင့်"

"ဘာဖြစ်လို့လဲ ဂရေ့စ်"

"ဟို...ကောင်လေး ကျွန်မပါးကိုရိုက်တယ် ဟင့် ဟင့်"

"ဟမ်...ဟိုဆော့ကိုပြောတာလား"

"သူပဲပေါ့...ကျွန်မကိုကြည့်မရဘူးဆိုပြီး
ပါးကိုလာရိုက်တာ  အိုး ရှက်လိုက်တာ"

"ဟာ... တောင်းပန်ပါတယ်ဗျာ သူဒီလောက်မရိုင်းပါဘူး ကျွန်တော်သူ့အစားတောင်းပန်ပါတယ်"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now