ရှိန်း(Arc -7.3)

10K 836 2
                                    

<Unicode>
(နောက်တော့ရော)

(နောက်တော့သူအဖမ်းခံလိုက်ရပီးလူငယ်ထိန်းသိမ်းရေးစခန်းကိုပို့လိုက်ရတယ်ပြန်လွတ်လာတော့သူ့ညမလေးကိုခေါ်ပီးဒီအပန်းဖြေအိမ်မှာလာနေတယ် သူ့ရောဂါကသူသဘောကျတဲ့အရာတေကိုဆုံးရှုံးရမှာအရမ်းကြောက်တတ်တယ်ဆုံးရှုံးရပီဆိုရင်စိတ်ထဖောက်ပီးလူသတ်တဲ့အထိဖြစ်ရော)

(မောင့်စိတ်ကိုငါကုနိုင်မှာပါ)

>>>>

"အယ်တာရယ်မငိုပါနဲ့တော့"

"ဟင့် အယ်တာစိတ်မကောင်းလွန်းလို့ပါ ရှိန်းကအယ်တာ့မောင်လေးဆိုလဲမမှားပါဘူး ဟင့် အယ်တာ့မောင်လေးကိုအယ်တာမကယ်လိုက်နိုင်ဘူး ဟင့်"

"အယ်တာရယ်ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ ရှိန်းကလူသတ်သမားကြောင့်သေရတာလေ"

"ဟင့် ဟုတ်တယ် အဲ့လူသတ်သမားကိုခွင့်မလွှတ်ဘူး"

"မငိုနဲ့ တိတ်တော့နော်"

စခန်းကလူများကအယ်တာအားဝိုင်းဝန်းနှိမ့်သိမ့်နေကြသည်။အများအမြင်မှာ​တော့ရှိန်းအတွက်ယူကြုံးမရဖြစ်နေတဲ့သူလို့ထင်ပေမယ့်ထိုမျက်နှာဖုံးအောက်ကယုတ်မာမှုကိုတော့ဘယ်သူမှမသိကြပေ။

"စခန်းမှူး!ဒုခေါင်းဆောင်!"

"ဘာဖြစ်လာတာလဲ"

"နောက်ထပ်လူသတ်မှုတစ်ခုထပ်ဖြစ်ပါတယ်"

"ဟင်! ဘယ်မှာလဲ ဘယ်သူအသတ်ခံရတာလဲ"

"နောက်ထပ်ရဲကင်းထောက်တစ်ယောက်ပါစခန်းမှူး ကားလမ်းပေါ်မှာပါပဲ"

"ကျစ် အဲ့လူသတ်သမားကတော်တော်ဆိုးနေပီပဲ အဲ့နေရာကိုသွားမယ်"

"ဟုတ်ကဲ့!"

>>>>>

"မောင်!ဘယ်လိုဖြစ်လာတာလဲ"

တကိုယ်လုံးသွေများဖြင့်ပေကျံနေတဲ့​ဇေးမတ်ကြောင့်ရှိန်အရမ်းလန့်သွားသည်။

"စိတ်မပူပါနဲ့အရုပ်လေးရဲ့ ဒါမောင့်သွေးတေမဟုတ်ဘူး"

"မောင်ရယ် အလန့်တကြားအရမ်းလုပ်တာပဲ သွားရေသွားချိုး"

"မောင်လက်နာနေတယ် အရုပ်လေးချိုးပေးပါလား"

puppy eyeလေးဖြင့်ကြည့်ကာပြောနေသည့်မောင်မှာကြောင်ပေါက်လေးအတိုင်းပင်။

Revenge System(Completed)Where stories live. Discover now