ရှိန်း(Arc -7.4)

10.1K 842 6
                                    

<Unicode>
မောပန်းကာပျော့ခွေသွားတဲ့ကိုယ်လေးကိုဇေးမတ်မြတ်နိုးစွာပွေ့ဖက်ထားတော့သည်။

"မောင်"

"အင်းအရုပ်လေး"

"ရှိန်းစခန်းကိုပြန်သွားရမယ်"

"ဘာလို့လဲ!"

"ရှိန်းလုပ်စရာရှိတယ်မောင်"

"ဘာလဲ မင်းကငါ့ကိုထားခဲ့မှာမလား! မင်းပြောတော့ငါ့ကိုချစ်တယ်ဆို! မင်းကငါ့အပိုင်!"

ဇေးမတ်ဟာချက်ချင်းခက်ထန်သွားကာရှိန်းအပေါ်မှအုပ်မိုး၍စူးရဲစွာကြည့်လာသည်။

"မောင်ကငါ့ကိုမယုံဘူးပဲ"

ရှိန်းကဇေးမတ်ရဲ့လက်နှစ်ဖက်ကိုယူကာသူ့လည်ပင်းပေါ်တင်လိုက်ပီး...

"မောင်မယုံရင်ငါ့ကိုသတ်လိုက်လေ ဒါဆိုငါမောင့်နားကထွက်သွားလို့ရတော့မှမဟုတ်ဘူး"

ဇေးမတ်ရဲ့လက်များအပေါ်သူ့လက်ကိုပါထပ်တင်လိုက်ပီးလည်ပင်းအားတင်းကျပ်စွာညစ်စေသည်။

"ဟင့်အင်း အရုပ်လေး"

"သတ်လေမောင်"

"ဟင့်အင်း!"

ဇေးမတ်ကသူ့လက်ကိုအားနဲ့ပြန်ရုတ်ကာကုတင်ပေါ်တွင်ငူငူကြီးထိုင်နေတော့သည်။ထို့ကြောင့်ရှိန်းကဇေးမတ်ရဲ့ခေါင်းလေးအားဆွဲယူကာသူ့ရင်ဘတ်တွက်အပ်ထားလိုက်ပီး...

"ရှိန်းကိုယုံလားမောင်"

"မောင်ယုံပါပီ နောက်တခါအဲ့လိုမလုပ်ပါနဲ့ မောင်ကြောက်လို့ပါ"

"ရှိန်းမောင့်ကိုချစ်တယ်"

"မောင်ကပိုချစ်တယ်"

"ငါကမောင့်ကိုအချစ်ဆုံးပဲ"

>>>>>

"ရာထူးတက်သွားတဲ့အတွက်ဂုဏ်ယူပါတယ်အယ်တာ"

"ကျေးဇူးပါပဲရှင်"

ယှဉ်ပြိုင်တဲ့သူတေမရှိတော့သည့်အတွက်ကြောင့်တစ်ဦးတည်းကျန်တော့တဲ့အယ်တာကရဲမေအဆင့်သို့တက်သွားပီဖြစ်သည်။ထို့အတွက်ဂုဏ်ပြုပါတီကိုကျင်းပနေကြသည်။ထိုအချိန်....

"ဟင် အဲ့ အဲ့တာ ရှိန်းမဟုတ်လား!"

ဆူဆူညံညံအသံများထွက်လာတာကြောင့်အယ်တာလှည့်ကြည့်လိုက်တော့သူ့ဆီလျှောက်လာနေတဲ့ရှိန်း။

Revenge System(Completed)Where stories live. Discover now