အခန်း(၄၂)

1.8K 271 5
                                    

<ထိတ်လန့်စရာကောင်းသောတောင်းဆိုချ
က်>

သူ့စိတ်သဘောထားက'တိတ်တဆိတ် အသိ
အမှတ်ပြုခြင်း'ထက် ဘာမှ ပိုထူးခြားမနေသ
ည်ကို သဘောပေါက်ပြီးနောက် ဝမ်ရွှမ်ဟာ ဘာကိုမှ အပြောင်းအလဲဖြစ်အောင် လုပ်မနေတော့ချေ။သူပြောခဲ့သည့်အတိုင်း ဤကိစ္စအ
ပေါ် ဘယ်တုန်းကမှ အဆိုးမြင်စိတ်မျိုးလည်း မထားခဲ့ဖူးပေ။

သူတို့၏ခရီးအတွင်း သိလိုစိတ်ကြောင့် ကျန်းရီ၏ မူလကမ္ဘာ အကြောင်းကို သူ အများကြီး မေးမြန်းခဲ့သေးသည်။

ကျန်းရီသည် ဤကိစ္စနှင့် ပတ်သတ်၍ အ
တော်လေး စိတ်အားထက်သန်နေပြီး သူ စပြောလိုက်သည်နှင့် နက္ခတ္တဗေဒ၊ပထဝီဝင်၊သ
မိုင်းကြောင်းများ၊သိပ္ပံ၊ဝတ္ထု နှင့် ရုပ်ရှင် အ
ကြောင်းတို့ကို တစ်ခုပြီး တစ်ခု မနားတမ်း ပြောပြလာခဲ့သည်။အရာအားလုံးကို အသေ
အချာ ပြောပြလေ့ရှိပြီး အနှီ အတော်လေး ထူးဆန်းပြီး ကွဲပြားခြားနားသော ကမ္ဘာတစ်ခု
ကို ဝမ်ရွှမ့်အာရုံထဲတွင် ကွက်ကွက်ကွင်းကွင်း
မြင်ယောင်လာအောင် အကန့်အသတ်မရှိ ကြွကြွရွရွ ရှင်းပြခဲ့သည်။

ကျန်းရီက မူလကမ္ဘာထဲတွင် သူ့၌ အဖေရော အမေပါ ရှိခဲ့ကြောင်းကိုလည်း ပြောပြခဲ့သေးသည်။သူ့မိသားစုက ငွေကြေး ကြွယ်ဝသည့်အပြင် သူ့၌ညီလေးတစ်ယောက်တောင် ရှိခဲ့
၏။မည်သူပဲကြည့်ကြည့် ဤသည်မှာ ပျော်ရွှင်စရာ ကောင်းသော မိသားစုဘဝလေး၏ စံပြပုံစံပင် ဖြစ်လေသည်။

သို့သော် ကျန်းရီ၏ ဘဝအတွေ့အကြုံကို ဝမ်ရွှမ်အသေးစိတ် မေးမြန်းကြည့်ရာတွင်တော့ ကျန်းရီက ရယ်မောလာခဲ့သည်။

"ကျွန်တော် တကယ်ကို ကောင်းကောင်းမွန်မွန် ရှင်သန်ခဲ့ရတာပါ။အရမ်းကောင်းလွန်းလို့ တော်တော်လေးတောင် ပျင်းစရာကောင်းခဲ့တာလေ။ခေါင်းထဲကနေ ဘာပြောရမလဲ ဆိုတာကိုတောင် တကယ် တွေးလို့ မရတော့ဘူး"

ဝမ်ရွှမ် နည်းနည်းလောက် ထပ်မေးရန် ကြံရွ
ယ်လိုက်သော်လည်း ဘေးနားမှ ကလေးငယ်က ငိုယိုလျက် ပြသနာရှာလာပြီး သူတို့နှစ်ဦးကို ဖိအားထပ်ပေးပြန်လေ၏။နောက်ဆုံးတွင် ထိုဘိုးအေလေးကို ချော့မြူသိပ်လိုက်ပြီး ကျန်းရီသည် နှဖူးပေါ်မှ ချွေးများကို သုတ်ရ
င်း သူခဏခဏ ငြီးတွားပြီးဖြစ်သော စကားများကိုသာ ဒေါသတကြီး ထပ်အတွန့်တက်ပြန်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now