Part - 26

24.2K 1.8K 126
                                    

Part - 26

                My Oleander Hubby

" ကျီ! !!! "

တံခါးဖွင့်တဲ့အသံက အရမ်းမကျယ်ပေမယ့် တိတ်
ဆိတ်နေတဲ့အချိန်မို့် လိုတာထက်ပိုပြီးကြားနေရသည် ။ အချိန်က အနည်းဆုံး ညတစ်နာရီကျော်လောက်ရှိနေပြီ ။ ကျောခိုင်းအိပ်နေတဲ့ ကုတင်ရဲ့တစ်ဖက် မှာ လူတစ်ယောက်ဝင်ထိုင်လိုက်မှန်းသိနေပေမယ့် ဆက်ပြီး အိပ်နေလိုက်တယ် ။

ခါးလောက်အထိပဲခြုံထားတဲ့ စောင်ကို ရင်ဘက် အထိ ဆွဲတင်လာပေးပြီးတာနဲ့ ပါးပြင်တစ်ဖက်က နွေးကနဲဖြစ်သွားပြန်၏ ။

" Good Night ပါ! !! ကိုယ်က တောင်းပန်တယ်နော် "

နောက်တော့ အခန်းမီးရောင်မှိန်သွားတာကို သိလိုက်ရပြီး အတော်ကြာမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ ညအိပ် မီးလေးသာဖွင့်ထားသည် ။ ဘာကိုရည်ရွယ်ပြီးတောင်းပန်စကားဆိုတာလဲဆိုတာကို သိနေတာကြောင့် မဲ့ပြုံးပြုံးလိုက်မိရင်း အနမ်းခံထားရတဲ့ ပါးပြင်ကိုတော့ လက်ဖဝါးနဲ့ မသိမသာပွတ်နေမိ၏ ။

လုပ်ချင်ရာလုပ်ပြီးမှ လူမသိသူမသိတောင်းပန် စကားရယ် ပေါပေါပဲပဲအနမ်းတစ်ချက်ရယ်နဲ့
လာပြီး နှစ်သိမ့်နေတာရီချင်စရာ ။

* စောက်ရေးမပါတဲ့ အလုပ်တွေကို ခင်ဗျားကသိပ်လုပ်တက်တာပဲ *

မျက်လုံးမှိတ်ထားပြီး အိပ်မပျော်လေတဲ့ညဟာ
ခါတိုင်းညတွေထက် ပိုပြီးတော့များ ညတာရှည်လွန်းနေတာလား ။  အိပ်မပျော်ခြင်းတွေက ကိုယ်ရဲ့စိတ်ပင်ပန်းမှုကို ပိုပြီးဖိအားပေးနေလေတော့သည် ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

" သက္ကရာဇ်! !!! နေမကောင်းဘူးလား ၊ ကြည့်ရတာ လူနဲ့စိတ်နဲ့မကပ်သလိုပဲ "

ကြော်ငြာရှူတင်မှာ ခဏလေးနားနေရတုန်း မန်နေဂျာအမ မေးလာတဲ့စကားကြောင့် ----

" ကျွန်တော်နေကောင်းပါတယ် ၊ ခေါင်းထဲမှာတော့လေ ခေါင်းမူးနေတာမျိုးလဲမဟုတ်ဘဲနဲ့ နေရတာ မကြည်မလင်ကြီးဖြစ်နေတယ် "

" ခေါင်းကြည်ဆေးလေးသောက်မလား ၊ ရှူတင်ပြန်စရင်လဲ မီးတွေထိုး မှန်တွေထိုးနဲ့ တော်ကြာပိုဆိုး
သွားလိမ့်မယ် ၊ မနက်ဖြန်ကို Sunlight ကုမ္မဏီကို
ရိုက်ပေးရမှာလေ ၊ ပျက်လို့မဖြစ်ဘူး ၊ အခုထဲကဆေးကြိုသောက်ထားပါလား "

My Oleander Hubby ( Completed ) Where stories live. Discover now