ကြောက်မက်ဖွယ်ရာမည်းမှောင်နေသော တိမ်တိုက်များမှ ဖြောက်ခနဲကျလာသောမိုးစက်များသည် မြေပြင်ပေါ်သို့ရိုက်ခတ်သွားသည့်အချိန် ညအမှောင်သည်လည်း နက်သထက်နက်လာခဲ့ပြီ...။
အချိန်အခါမဟုတ်ရွာသောမိုးကြောင့် လမ်းမပေါ်တွင်ဖြတ်သန်းသွားလာနေကြသော လူတို့သည်အပြေးအလွှားသွားကြပြီး ဖြစ်သော်လည်း လမ်းမနှင့်ခပ်ဝေးဝေးနေရာတွင် ရွံရှာမုန်းတီးမှုအငွေ့အသက်များ ဖုံးလွှမ်းထားသည် အထပ်မြင့်အဆောက်အအုံ နှစ်ခုကြားက အိုဟောင်းသောနေရာငယ်လေးမှာတော့ မိုးကျသံမှအပ တိတ်ဆိတ်ငြိမ်သက်လျက်.....။
ဉာဏ်လင်းဝတ်ထားသော အနက်ရောင်ရှပ်လက်ရှည်သည် မိုးရေစက်များကြောင့် စိုရွှဲလျက်ရှိခဲ့ပြီ...။
မေဇင်မင်းနှင့်ပတ်သတ်လာလျှင် မိုက်ရူးရဲဆန်တတ်သော ဉာဏ်လင်းအောင်သည် မိမိတန်ဖိုးထားရသောအမျိုးသမီးလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားသည့် အဖြစ်အပျက်ကိုဒီတိုင်းကျော်သွားလိုက်မည်မဟုတ်....။
သွေးလန့်ခြောက်ခြားနေသည့် သူမမျက်နှာကိုမြင်ယောင်လာတိုင်း ရင်တွေကွဲရသည်။
တဖြည်းဖြည်းနဲ့ရှင်သန်လာရင်း မေဇင်ဟာ ဉာဏ်လင်းအတွက်ဘယ်လောက်တောင် အရေးပါလိုက်သလဲ နားလည်လာခဲ့သော်လည်း ကိုယ်တိုင်ကတော့ သူမအတွက်ဆူးငြောင့်တစ်ခုသာ ဖြစ်ခဲ့ရပါသည်။
မိုးရေစက်များကြားတွင် မူးရူးနေသောမျက်နှာများဖြင့် ခပ်စိမ်းစိမ်းစိုက်ကြည့်နေသော လူသုံးယောက်ကိုမြင်ရသည်...။ ဉာဏ်လင်းကိုမြင်တော့ မျက်နှာတွင်သွေးစအချို့ပေကျံနေသော သော်ဇင်ကရှေ့ကိုထွက်ကာဆီးကြိုသည်။
"မိန်းမတစ်ယောက်ကြောင့် ဘော်ဒါတွေကိုစွန့်ပစ်သွားတဲ့ကောင်က ဘာလာလုပ်တာပါလဲ"
သူ့ရဲ့ခနဲ့သလိုလို ရွဲ့ရွဲ့သလိုလိုလေသံမှာ မေဇင့်ကိုအထင်သေးသည့် စိတ်များကအထင်းသားပေါ်နေသည်။ ဘာကြောင့်အထင်သေးရပါသလဲဆိုရင် ဉာဏ်လင်းအောင်နဲ့ ပတ်သတ်ခဲ့လို့ပါဘဲ.၊ ဟုတ်ပါတယ်.....။ ဉာဏ်လင်းအောင်ဆိုတဲ့နာမည်ဘေးမှာ ယှဉ်လျက်ပါလာတာနဲ့ စပွန်ဆာရှာတဲ့မိန်းမတွေလို့ဘဲ ပြေးထင်လိုက်ကြတာ..။
YOU ARE READING
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...
