Chapter ( 1 ) U & Z

5 0 0
                                    

> Unicode <

ဂျောက် ။ ဂျောက် ။

အရှိန်မှန်မှန်ရွေ့လျားနေသည့် နာရီလက်တံလည်ပတွသံဟာဖြင့် တိတ်ဆိတ်ကာနေသည့် အိမ်အိုလေးထက် ကျယ်လောင် ခြောက်ခြားဖွယ်ပြန့်နှံ့လျက် ရှိလေသည် ။

ထိုစဥ်ဖြည်းညှင်းစွာပွင့်လာသည့် တံခါးပေါက်အိုနဲ့အတူ မီးပုံအလင်းရောင်ဖျော့ဖျော့ကြောင့် မှောင်ရီလျက်ရှိသည့်တစ်လျောက် အလင်းတန်းတစ်ခုဟာ ခြေသံခပ်ဖွဖွနဲ့အတူ တိုးညှင်းစွာဝင်ရောက်လာလေ၏ ။

" ပြီးပြီ အခုအားလုံး ပြီးပြီ... "

အသာအယာဖွင့်ဟကာသွားသည့် စကားသံခပ်တိုးတိုးမှာ တောင်ပေါ်ဒေသငယ်လေး၏ ဆောင်းဦး အအေးဒဏ်ကြောင့် မြူအငွေ့များဟာလည်း ယှဥ်တွဲ ပေါ်ထွက်လာလေသည် ။

အအေးဒဏ်ကြောင့် ယိုင်နဲ့ကာလျှောက်လှမ်းသွားသည့်ကြားမှ ထိုလူ ကိုင်ဆောင်ကာထားသည့်အလင်းတန်းဖျော့ဖျော့အောက် သွေးစက်များဟာ ခပ်ပါးပါးရှပ်အကျီအဖြူထံမှ တစ်စက်စက် စီးကျလျက်ရှိလေ၏ ။

မီးခိုခေါင်တိုင်ငယ်ရှေ့ ဒူးထောက်ကာ လဲကျသွားချိန် ယာဘက်လက်အတွင်း ဆုပ်ကိုင်ကာလာသည့် သွေးစက်များဖြင့် အဝတ်စပြတ်တစ်ခုကို ထိုမီးပုံအတွင်းသို့ ပစ်ချလိုက်လေရာ တောက်လောင်သွားသည့် မီးအရှိန်နဲ့အတူ ထိုလူဟာလည်း ထိုနေရာတွင်သာ လဲကျ ငြိမ်သက်သွားလေသည် ။

ဝုန်း ။

အိပ်စက်နေရာမှပင် ဆောင်းတွင်းအအေးဒဏ်ကြား ချွေးစေးများဖြင့် အမျိုးသားတစ်ယောက်မှာ တစ်ရွေ့ရွေ့မောင်းနှင်နေသည့် လှေငယ်လေးထက် အညိုရောင်မာဖလာတစ်ထည်ကို ရစ်ပတ်လွှမ်းခြုံထားကာပင် ထူးဆန်းသည့်အိမ်မက်တစ်ယံကြား မသိစိတ်များဟာတော့ လွင့်မြောနေစဲပင်ဖြစ်သည် ။

" အကိုကြီး ရှေ့ဆို ယိမ်းမင်းတောင်ကို ရောက်ပြီနော်... "

" အော် အင်း အင်း "

ငိုက်ကျကာနေသည့် မျက်မှန်ကိုင်းကို တစ်ချက်ပင့်တင်ရင်း ဘေးနားတွင် ကပ်ကာထားသည့် ကျောပိုးလွယ်အိတ်ထံ လက်လှမ်းကာပင် အစောက ခေါင်းအုံးအဖြစ်ယာယီအသုံးပြုခဲ့သည့် ကုတ်အကျီကို လုံးခြေလျက်ပင် ထိုးထည့်ကာ ထိုင်ရာမှ ထလိုက်လေသည် ။

You've reached the end of published parts.

⏰ Last updated: May 30, 2022 ⏰

Add this story to your Library to get notified about new parts!

အိပ်ဖန်စောင့်  | အိပ်ဖန်စောင့်Where stories live. Discover now