အပိုင်း (၁၃)

10.3K 591 1
                                    

"ဖိုးသားလေး မေမေဆီလာပါအုံး"
"ဟုတ်ကဲ့ မေမေ သားကိုပြောစရာရှိနေလားဗျ "

"ဖိုးသားလေးမှာ ရည်းစားရှိနေပြီလားဟင် ၊ တခုခုဆို မေမေကို အသိပေးရမယ်နော် ဘယ်အရာမဆို"
" မရှိ ..မရှိပါဘူးမေမေဗျ...သားမေမေစကားကိုနားထောင်ပါ့မယ်"

" အင်းပါကွယ် မေမေတို့မှာ သားမမ မရှိတော့ တို့သားအမိပဲရှိတာလေ ၊ သားခံစားချက်ကို မေမေက နားလည်ပေးမယ့်သူမျိုးဖြစ်အောင် ကြိုးစားပါ့မယ် သားရယ်၊ မေမေလေ သားကိုတော့ မဆုံးရူံးချင်ဘူးရယ်"
"မေမေရယ်..သားသိပါတယ် မေမေမေတ္တာ ၊စေတနာတွေကို သားမှာ ချစ်ရမယ့်သူရှိရင် ပြောပြပါ့မယ်ဗျ"

"အေးပါ သားအဖေကတော့ သိတဲ့အတိုင်းပဲ သိပ်စိတ်ကြီးတာ၊ သားသမီးတွေကို မချစ်တာလည်းမဟုတ်ဘဲ ထုတ်မပြတက်ဘူးကွယ် သားသားက နားလည်ပေးနော် သားဖေကို ကျောင်းတက်ရတာပြေရဲ့လား ၊ ဘာမှနှမျောပြီး ချွေတာနေစရာမလိုဘူးနော်သားသား ၊ မေမေတို့ကိုအားမနာရဘူး သားသားလိုချင်တာ ၊လိုအပ်တာဝယ် မေမေတို့ကို ခွဲမသွားရင် ကျေနပ်ပါပြီသားသားရယ်"

မေမေ ပေါင်ပေါ် ခေါင်းလေးတင်ပြီး မေမေပြောသမျှ နားထောင်ရင်း ကျွန်တော်ရင်ထဲတင်းကြပ်လာတယ်။ မိဘဆိုတာ သားသမီး မျက်နှာမညိုးအောင် ၊ လူဘုံကြား မျက်နှာမငယ်အောင် ဖြည့်ဆည်းတက်ကြပေမယ့် သားသမီးတွေက အချစ်အတွက်နဲ့ မိဘမျက်နှာအိုးမဲသုတ်တက်ကြတယ်မဟုတ်လား။ မေမေ့သားက အဲလိုလူစားမျိုးပဲမေမေ သား..လေ မျိုးတူ ယောကျာ်းလေးတစ်ယောက်ကို ချစ်မိနေပြီ ။ သား ဘယ်လိုရင်ဖွင့်တိုင်ပင်ရမလဲ မေမေ၊ သူ့အသိုင်းအဝိုင်းက မော့မကြည့်နိုင်အောင် မြင့်မားလွန်းလို့ မေမေ့သား အားငယ်နေရပြီ ။ မေမေ့သားက မေမေရင်ခွင်ကို အချစ်ကြောင့် ခြေစုန်ကန်ပြီး ထွက်ဖို့ ကြံနေပြီ သားသား သိပ်မိုက်တာနော်။

" မေမေသာ ကျန်းမာရေး ဂရုစိုက်ပါ သားကျောင်းသွားရင် ၊ သားဘွဲ့ယူတဲ့အခါ မေမေကို ပြုံးပြုံးကြီးမြင်ချင်တယ်လေဗျာ "
"အေးပါသားသားရယ် မေမေ့သား ဘွဲ့ယူ လိုက်နိုင်အောင် ကျန်းမာရေးဂရုစိုက်ပါ့မယ်"

ချစ်ခြင်းတို့အလွန် Where stories live. Discover now