Ep_15

5.5K 276 2
                                    

Unicode

Fashion Weekအတွက် တစ်ပတ်အတွင်းပြင်ဆင်ရတာမလို့
ဒီဇိုင်နာတွေအကုန်လုံးအလုပ်ရှုပ်နေသည်။ ဒီဇိုင်နာမိန်းကလေးက
အထည်ကို လက်ချုပ်လိုက်နေပြီးမှ အချောသတ်ရန်ပြင်ဆင်နေစဥ်
ဆိုင်ရှေ့ကားတစ်စီးထိုးရပ်လာတာကြည့်လိုက်၏၊ နေရောင် ကားပေါ်မှဆင်းပြီး လက်ထဲကဖိုင်တစ်ခုကိုင်လာကာ ဆိုင်ထဲဝင်လာပုံကဒေါသ
ထွက်နေသယောင်ရှိသည်။ အပြင်မှာရှိသည့် ဒီဇိုင်နာတွေကိုအာရုံမရပဲ ခန့်ဆက်၏ရုံးခန်းလေးဆီသို့ဝင်သွား၏၊ခဏအကြာမှပြန်ထွက်လာပြီး နေရောင်၏အနားကိုရောက်လာသည့်ပိတ်ထည်တွေမလာတဲ့ဒီဇိုင်နာတစ်ယောက်ကိုကြည့်၍

"ခန့်ဆက်မှူးသွင် ဘယ်မှာလဲ"

"ရှင်!ဟို...ငယ်လေးကခုထိမရောက်သေးဘူးboss"

နေရောင် စုတ်သပ်ပြီးခါးထောက်ကာ နားထင်ကိုဖိနှိပ်နေလိုက်သည်။ သိပ်မကြာပါ..ခန့်ဆက်ဆိုင်ထဲဝင်လာသည်နှင့် မျက်ခုံးတန်းတွေတွန့်
ကုပ်သွားလျက် လက်မောင်းကိုသွားဆွဲလိုက်လေသည်။

"မင်းကိုငါမေးစရာရှိတယ်"

"ဟုတ်!"

လေသံကမာမာထန်ထန်ဖြစ်နေတော့ ခန့်ဆက်အနည်းငယ်လန့်သွားပြီး
ပြူးကြည့်သည်။ပုံမှန်ဆို ဒီလိုဒေါသထွက်နေတာမျိုး မမြင်ဖူးပေ။
ထိုစဥ် ဖိုင်ကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး

"အဲ့ဒီမှာ မင်းဆွဲခဲ့တဲ့ဒီဇိုင်းဘယ်သူ့ဆီက ကူးချထားတာလဲ"

"ခင်ဗျာ!"

ပစ်ချထားသည့်ဖိုင်ကိုအကြည့်ရောက်သွားကာ ခန့်ဆက်မေးရိုးတင်းခနဲဖြစ်သွားသည်။ ထို့နောက်ချက်ချင်း ဖိုင်ကိုကောက်ယူပြီး ဖွင့်
ကြည့်လိုက်တော့ သူဆွဲထားသည့် အင်္ကျီဒီဇိုင်းဖြစ်နေလေသည်။
ပြီးတော့ မျက်မှောင်ကျုံ့လိုက်ရင်း ဖိုင်ကိုကိုင်ထားကာ

"ကိုခေတ်ဒါက ကျွန်တော်ဆွဲထားတဲ့ပုံတွေလေ ဘယ်သူ့ဆီက ကူးချတာဖြစ်ရမှာလဲ"

"မင်းကူးချထားလို့ တစ်ဖက်ဆိုင်က ငါ့ကိုလျော်ကြေးတောင်းနေပြီ၊
လျော်ကြေးအတွက်ကိစ္စမရှိပေမယ့်၊ ဆိုင်နာမည်ကျမယ့်အဖြစ်ကိုတော့လက်မခံနိုင်ဘူး။ငါတို့ဆိုင်က သူ့ဆိုင်က ဒီဇိုင်း တွေကိုကူးချထားတယ်ဆိုပြီး onlineပေါ်မှာလဲ သတင်းပြန့်နေပြီမင်းသိလား"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now