Chapter 23 unicode

17K 428 15
                                    

🔸အဖြူရောင်နုနု🔸23

            အပိုင်း~၂၃

OGကတော့ဗိုက်ထဲကခလေးကိုယောက်ျားလေးလား၊မိန်းခလေးလားသိချင်ရင်ဒီတစ်ပတ်ကြည့်ခွင့်
ရပြီဟုပြောတော့ နုနုရင်တွေခုန်လှသည်။ပြီးတော့
ကိုဗညားကိုလည်းပြင်းပြင်းရှရှသတိရမိသည်၊အခုချိန်သူသာဘေးနားမှာရှိနေရင် ဘယ်လောက်ပျော်နေလိမ့်မလဲ။

ဆောင်းတွင်းမို့ညဘက်အေးလာ၍စောစောစီးစီးစားသောက်ပြီး အခန်းထဲမှာနုနုဘုရားစာရွတ်ကာ
ပုတီးစိပ်သည်။နုနုတို့ကလည်းတိုက်ခန်းမို့အိမ်ရှေ့
ထွက်ပြီးဘုရားခန်းမှာရှိခိုးရင် အမေနဲ့အဒေါ်ကိုရင်
ဆိုင်ရလိမ့်မည်။ အမေကနုနုကိုမြင်တိုင်းသူ့ကြောင့်
နုနုဒီလိုဖြစ်ရတာဆိုပြီးသောကရောက်နေတတ်လို့၊
ကျောင်းဆင်းလို့အိမ်ပြန်ရောက်တာနဲ့လုပ်စရာရှိတာလုပ်ပြီးရင် အခန်းထဲကအပြင်မထွက်တော့တာ
ကြောင့်..နုနုတို့တိုက်ခန်းကလူ၃ယောက်ရှိနေပေမယ့်အရင်ကထက်ပိုပြီးတိတ်ဆိတ်နေတော့သည်။

ထိုစဉ် အိမ်ရှေ့ခန်းထဲကဘုန်းခနဲအသံကြားပြီး..
" အစ်မ အစ်မ ဘယ်လိုဖြစ်တာလဲ..."
ဒေါ်လေးအော်တော့အမေချော်လဲတာမှန်းသိပြီးပြေးထွက်လာခဲ့သည်။
" မေမေ...."
ကြမ်းပြင်ပေါ်မှာထိုင်လျှက်သားအမေ့ကိုထူကာ..
" ဘာဖြစ်လို့လဲ ခြေထောက်ကျင်လို့လား..."
အမေကအားယူကာမထပဲ..ပလုံးပထွေးနဲ့တစ်ခုခု
ပြောလိုက်လျှင်..နုနု အမေ့ပါးစပ်ကိုလှမ်းကြည့်ပြီး
" အမေ.... အမေ....ဘယ်လိုဖြစ်တာလဲ..."
" ဟယ် အစ်မ အစ်မ နှုတ်ခမ်းက.."
အမေကရုတ်တရက်လေဖြန်းသွားတာလားမသိပါ။

လုမမာကိုရှေ့ထားပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်
သွားသည်။အဒေါ်ကသူမထက်ပိုနုံအ၍ အားကိုးလို့
မရ၊သူမကလည်း ကိုယ်လေးလက်၀န်ကြီးနဲ့မို့ အမေ့ခန္တာကိုယ်၀၀ကိုတွဲထူပြီး ဆေးရုံမသွားနိုင်လို့..
အားကိုးစရာလူဆိုလို့ မင်းထက်ပဲရှိတော့တဲ့အတွက်သူ့ကိုပဲလှမ်းအကူအညီတောင်းရတော့သည်။

>>>>
နုနုဖုန်းဆက်လာတော့သူကဆေးရုံမှာမို့...
"  ဟုတ်လား ဘယ်လိုဖြစ်တာလဲနုနု"
" မသိတော့ဘူး ဟယ်၊ ညနေထမင်းစားတုန်းက
တောင်အကောင်းပါ..."
" အတတ်ရောဂါကဒီအတိုင်းပဲ..."
" ငါအခုဘယ်လိုလုပ်ရမလဲဟင်.ဟိုဆေးခန်းပဲသွား
ရမလား..."
" အဲ့ကိုသွားလည်းဘာမှမထူးဘူး နုနု၊ ဆေးရုံကိုပြန်လွှဲမှာပဲ... ဒီပဲတန်းလာလိုက်..ဒီနေ့ဆိုပါမောက္ခ
လည်းရှိတယ်၊ ငါလည်းကြည့်ပေးလို့ရတယ်..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now