ရိပေါ် ရေချိုးခန်းထဲ ဝင်လိုက်တာနဲ့ ဘေစင်ပေါ်မှာ သွားတိုက်ဆေးအသင့်ထည့်ထားပြီးသား သွားတိုက်တံက ဆီးကြိုနေတယ်။ ရှောင်းကျန့်က သူ့အပေါ် ထင်သလောက် လျစ်လျူမရှုဘူးပဲ။ ဒီပုံအတိုင်းဆို ခွင့်လွှတ်နိုင်ဖို့အလားအလာ ရှိတန်ကောင်းပါရဲ့။
ရိပေါ် မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို
ကြည့်ရတာ အဆင်ပြေမနေတာမို့ ရေပါတစ်ခါတည်းချိုးဖို့ဆုံးဖြတ်လိုက်တော့တယ်။ရေပန်းအောက္မှာရပ်လို့ ရေမှုန်ရေမွှားတွေကြား လွင့်နေအောင် ပြုံးမိသူက ရိပေါ်ပါပဲ။ရှောင်းကျန့်နဲ့ပြန်ဆုံရတဲ့အတွက် သူ့စိတ်အစုံက ကြည်လင်နေရသလို ရေအေးအေးကြောင့် သူ့ခန္ဓာဟာ လန်းဆန်းသွားရပြီမို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိပေါ် မွေးပွတဘက်ဖြူကို ခါးမှာပတ်လိုက်ပြီး ရေချိုးခန်းထဲက ထွက်လာတော့ တစ်အိမ်လုံးက တိတ်လို့ဆိတ်လို့။ ရိပေါ် ထိတ်ခနဲဖြစ်သွားရပြီး ရှောင်းကျန့်ကို လိုက်ရှာရတော့တယ်။ သူရေချိုးတုန်း ထွက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ရှောင်းကျန့်သာ ဒီတစ်ခါထပ်ထွက်သွားရင်
ရိပေါ် ရူးလိမ့်မှာ။
မြင်ကွင်းကျယ်လို့သာ ရှာရဖွေရ လွယ်ကူသေးတယ်ပြောရမယ်။ဧည့်ခန်းအထိလျှောက်သွားတော့မှ ဆိုဖာပေါ် ပုံ့ပုံ့က
လေးထိုင်နေတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။ အတွေးလွန်နေပုံရတဲ့ရှောင်းကျန့်က ရိပေါ်ရောက်နေမှန်းသတိထားမိပုံမရ။
မှန်နံရံအပြင်ဘက်ကို တမေ့တမောငေး
နေသေးတော့တာ။
" အဟမ်း !"
"ထျန်းန! "
ရိပေါ် ချောင်းဟန့်ပြီး အချက်ပေးလိုက်တော့ ရှောင်းကျန့် လန့်သွားပုံပါပဲ။ ခန္ဓာကိုယ်လေးပါ ဆတ်ခနဲတုန်သွားပြီး
လှည့်ကြည့်လာလေရဲ့။ ရိပေါ်ကို မြင်တာနဲ့ မျက်ဝန်းသွယ်တွေ ဝိုင်းစက်သွားပြီးမှ ရုတ်ချည်းမျက်လွှာချပစ်လိုက်တယ်။ မဟုတ်မှ...အင်္ကျီဗလာနဲ့မို့ ရှက်သွားတာလား။ ရေကူးကန်မှာကတည်းက မြင်ဖူးပြီးသားပဲ မဟုတ်ဘူးလား။
ရိပေါ် ပြုံးစိစိနဲ့ စိုက်ကြည့်နေမှန်းသိတော့ ရှောင်းကျန့်က ဆိုဖာပေါ်ကနေ ခပ်သွက်သွက်ထရပ်လို့ ထွက်ဖို့ပြင်တယ်။ ရိပေါ် ဒီတစ်ခါတော့ ထွက်သွားခွင့်မပြုနိုင်တော့တာမို့ လက်ကောက်ဝတ်သေးသေးလေးကို အလျင်စလိုလှမ်းဆွဲလိုက်တဲ့အခါ တုံ့ခနဲ ရပ်သွားလေရဲ့။ နောက်တော့ ရိပေါ် လက်ဖဝါးကြီးထဲက လက်ကောက်ဝတ်ငယ်လေးကို ဆောင့်ရုန်းရင်း ရိပေါ်ကို
မကြည့်ဘဲ တိုးဖွဖွပြောလာတယ်။
YOU ARE READING
ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)
Fanfiction"အဟက်! ရှောင်းကျန့်...ခင်ဗျား ကျုပ်လက်က ပြေးမလွတ်စေရဘူး "
