အပိုင်း ၃၈

4K 259 0
                                        

"အရှင်...အရှင့်သား သုယောနက ခုမှ နေကောင်းစ ပြုတုန်းကြီး မ..မသင့်တော်ကြောင်းပါ”

အခန်းထဲ..ဝင်လာထဲက မျက်နှာမကောင်းလှတာမို့..အရှင့်မှာ ကိစ္စတခုခုရှိလာမှန်းသိပေမဲ့..ဒီလောက် တယုတယ ချစ်ရသူအပေါ် နေမကောင်း တာတောင် အလျော့မပေးတော့သည်အထိ ဆိုးနေမယ်မှန်းမထင်မိခဲ့.။

"တိတ်စမ်း..သူရဇ္ဇ.။ငယ်ကျွန် ပေမို့.ခွင့်ပြုထားတာကို...ရောင့်တတ်မလာစမ်းနဲ့။ကိုယ့်နေရာ ကိုယ်သိ..ခိုင်းတာသာ မ မှားရအောင် လုပ်စမ်းပါလေ..။”

ဒေါသ တကြီး အော်လာသည့်..အရှင့်ကြောင့် ဘာမှ ဆက်မပြော သာတော့ပဲ..အသာတကြည် သာ အခန်းထဲက ထွက်ခဲ့ရလေတယ်။

...... .... ..... ..... ........ .......

ဒေါက်..ဒေါက်..။

"ဘယ်သူလဲ..”

"အရှင်မင်းတရားကြီး..နန်းဆောင်ကပါ..မောင်မင်း။မင်းတရားကြီးက မောင်မင်းကို..အခေါ်တော်ပါးလိုက်သည်မို့..လာရောက်ခေါ်ဆောင်ခြင်းပါ”

မင်းတရားကြီး..မင်းတရားကြီးက
ညကြီးမိုးချုပ်ကိုဘာလို့ခေါ်ပါလိမ့်။

မသွားလို့ကလဲ မဖြစ်တာ မို့ နောက်ဆုံး လာခေါ်သူကို ခနစောင့်ခိုင်း လိုက်ပြီး..အဝတ်လဲရတော့တယ်။သွားရင်း..သွားရင်း..စိတ်ထဲ နန်းတော်နဲ့ ဝေးဝေးလာသလိုလို..။

ငါပဲ လမ်းမသိတာလား။ဟုတ်တော့ဟုတ်သည်..သူမှ တခါမှ တကယ် ဘုရင့်နန်းဆောင်ဝန်းထဲ မရောက်ဖူးတာ။သူသွားလာဖူးတာဆိုလို့ အယောန ရဲ့ နန်းဆောင်ဝန်းနဲ့ နန်းဆောင်နားက အိမ်ရှေ့စံ ပိုင် ဥယျာဥ်ထဲ သာရှိသည်ကိုး...။

ဒါပေမဲ့လဲ..မကောင်းတဲ့ ခံစားချက်ကြီးက ဝင်နေတာမို့ မေးမလို့ ပြင်လိုက် တုန်း....

ဝုန်းးးးး...

သစ်ပင်ကြီး တပင်အောက်အရောက် ဝုန်းခနဲ အသံနဲ့ အတူ ပိုက်ကွန်တွေက သူ့ကို အပေါ်မြောက်အောင် စွဲတင်သွားတော့တယ်..။သေစမ်း..ထောင်ချောက်မိပြီ..။

ထိုစဥ်မှာပဲ..သူ့ရှေ့က သွားနေသည့်..လာခေါ်သူက နောက်ပြန်လှည့်လာကာ သူ့အောက်တည့်တည့်တွင် ရပ်လိုက်ပြီး ပြောင်းငယ်လေး တခုကို ထုတ်ယူလိုက်တော့သည်။

ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE) Nơi câu chuyện tồn tại. Hãy khám phá bây giờ