အပိုင်း ၁၆ (အပိုင္း ၁၆)

467 73 46
                                    

Unicode

"စံအိမ်ကြီး ကိုဝင်အုံးမလား အဖေ"

"အေး ဝင်ကြတာပေါ့"

စံအိမ်ကြီးကိုမရောက်တာတောင်ကြာပြီဖြစ်သည်။
ခြံစောင့်နဲ့သာထားပြီး ဂျီမင်းက မြို့ထဲကအိမ်မှာနေခြင်းပင်...

စံအိမ်ရှေ့ရောက်တော့...
ခြံထဲကိုဝင်လိုက်သည်နှင့်တစ်ပြိုင်နက်
အနှီးထုပ်ထဲမှ ကလေးလေးကထငိုလေသည်။

အသံတွေပင်ဝင်သွားအောင် လူးလိမ့်ငို၏။
ခြံထဲကပြန်ထွက်လိုက်မှတိတ်သွား၏။
ဒါကတိုက်ဆိုင်မှုမှမဖြစ်နိုင်တာ...

"ဒါဆို သားတို့ပြန်နှင့်လိုက်ကြ"

"ဟုတ် အဖေဘီဘီလေးကမနေဘူးဖြစ်နေတယ်"

"အေးအေးပြန်ကြတော့ ညနေပြန်ရအုံးမှာမလား အိမ်ပြန်နားကြတော့"

သားဖြစ်သူက သူ့မိန်းမမြို့မှာလိုက်နေခြင်းဖြစ်သည်။
တစ်မြို့နှင့်တစ်မြို့အလွန်ဝေးလှတာ​ပြီး
ယခုဂျီမင်းဆီကိုအလည်လာခြင်းပင်

ကားအကြာကြီးစီးရလို့ ဘီဘီလေးလည်းပင်ပန်းနေတော့မှာ

စံအိမ်ကြီးက ဘာမှမပြောင်းလဲပဲရှိနေသည်။
အိမ်ကြီးကို လှည့်ပတ်ကြည့်ရင်း ခြံရှေ့မှာဆူညံသံကိုကြား၏။

"သားသားရယ်...အဲ့လိုမလုပ်ရဘူး လာပါ"

"ဟင်းးး လာဘူး လာဘူး ဒါသားအိမ် သားဒီမှာပဲနေမှာ အီးဟီး"

ကျစ်! တယ်ခက်တဲ့ကလေးပါလား
အိမ်မှာအလုပ်ရှုပ်နေတုန်း ဘယ်ချိန်ပြေးထွက်လာမှန်းမသိ
ဒီနေ့မှစပြောင်းလာတယ် ဘေးအိမ်ကိုမျက်နှာပျက်စရာတော့ဖြစ်ပါပြီ

ဂျီမင်း ခြံရှေ့ကိုထွက်လာတော့
တံခါးကိုအတင်းကုတ်ဖက်တက်နေတဲ့
ပေါက်စလေး ဂွမ်းလုံးလေးလိုဖြူဖြူဖွေးဖွေးလေးရယ်...

"အား နာလိုက်တာဦးရယ် သားကပြန်ခေါ်မရဘူးဖြစ်နေတယ်"

"ရပါတယ်...ကလေးဆိုတာအဲ့လိုပဲ "

"ဂျီမင်းယေး"

ဂျီမင်း လန့်သွား၏။
သူ့နာမည်ကို ဂျီမင်းလေးလို့ခေါ်တာ ကိုကိုကြီးတစ်ယောက်တည်းသာရှိသည်။

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now