Chapter 24 unicode

18.8K 448 19
                                    

🔸အဖြူရောင်နုနု🔸24

            အပိုင်း~၂၄

သူ မနက်ဂျူတီထွက်တာနဲ့အိမ်ကိုအမြန်ပြန်လာခဲ့
သည်။တကယ်တော့နုနုအမေကအခုထိစိုးရိမ်ရတဲ့
အနေအထားမှာရှိနေသေးပေမယ့်..ဆေးရုံအုပ်တစ်ယောက်လုံးရှိတာကြောင့်သူ့ကိုမလိုပါဘူးဟုတွေး
ကာ၀င်တောင်မကြည့်တော့ပဲ အိမ်သို့ပြန်ပြေးလာခဲ့တာဖြစ်သည်။
အိမ်ထဲသို့လှမ်း၀င်လိုက်စဉ်...အိမ်ကလူရှိသည်ဟု
ပင်မထင်ရအောင်တိတ်ဆိတ်လွန်းနေကောကြမ်း
ပြင်မှာစွန်းပေနေသောအနီရောင်အကွက်များကြောင့်..သူထိတ်လန့်ပြီးအိပ်ခန်းထဲကိုပြေးကြည့်သည်။အိပ်ယာပေါ်မှာဖြူဖြုကကြောင်တစ်ကောင်လို
ခွေခေါက်နေတာကြောင့်...အမြန်ပြေးထူပြီး..
" ဖြူဖြူ..."
သူ့လက်ထဲကိုခွေလျက်သားလေးပါလာတဲ့သူမ..
၀တ်ထားတဲ့ရှပ်အကျီအဖြူရဲ့လက်မှာသွေးလိုအရောင်တွေပေနေတာကြောင့်သူအမြန်ဆွဲယူပွတ်ကြည့်သည်။
" ကိုကို....."
သူ့ရင်ခွင်ထဲကနေတိုးညှင်းတဲ့ခေါ်သံလေးထွက်ပေါ်
လာမှ...
" ဒါဘာတွေလဲ..."
ဖြူဖြူကသူ့လက်ကလေးကိုထောင်ကြည့်ပြီးနောက်
ကုတင်ခြေရင်းကတစ်စုံတစ်ရာဆီအကြည့်ရွေ့
ူသွားပါသည်။ ထောက်တိုင်နဲ့ထောင်ထားတဲ့ပန်းချီ
တစ်ချပ်...
သေစမ်းဟ! ဒါကပန်းချီဆေးတွေပေါ့။ဒီတဒင်္ဂအတွင်းလေးမှာတင်ဘယ်လောက်တောင်ပူထူထိတ်
လန့်သွားရတယ်မှတ်လဲ။
အခုထိသူမကိုယ်လေးကိုတင်းကျပ်စွာပွေ့ဖက်
ထားမိဆဲပင်....
" ပြန်လာတာစောသားပဲ..."
ဖြူဖြူကသူမရဲ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့
သူ့ရှပ်အကျီကကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်
ပေးနေသည်။
သူကသူမနဲ့တစ်ခုခုဖြစ်ဖို့အလိုရှိနေတယ်လို့ထင်
သွားပုံရသည်။
သူမလက်တွေသူ့ခါးဆီအထိရောက်လာသောအခါ
" မဟုတ်ဘူး...."
ဟင်! သူ့ကိုမျက်လုံးရွဲရွဲများနဲ့မော့ကြည့်လာလျှင်
" no sex...
ကိုယ်ပင်ပန်းလာတယ်၊ ဒီအတိုင်းခဏအိပ်ရအောင်"
ပြောပြီးသူကသူမကိုခေါင်းအုံးလေးပေါ်ပြန်ချပေး
ကာသူလည်းနေရာမှာ၀င်လှဲလိုက်သည်။
သူမလေးကကြောင်စီစီနဲ့သူ့ကိုစောင်းငဲ့ကာငေး
ကြည့်နေဆဲဖြစ်သည်။
" ညက...."
" ညက....."
နှစ်ယောက်သားစကားပြိုင်တူဖြစ်သွားတော့..
" မင်း အရင်ပြောလေ.."
" ဖြူဖြူ ပန်းချီဆွဲနေတာ..."
သြော် အဲ့တာကြောင့်သူ့နောက်ကိုမလိုက်လာတာပဲဟုတွေးကာစိတ်သက်သာသွားသည်။
" ကိုကို ဘာပြောမလို့လဲ..."
" မဟုတ်ပါဘူး၊ ညကလူနာနည်းနည်းကျတော့
ပင်ပန်းနေလို့ပါ..."
" ဟုတ်လား၊ ဖြူဖြူဘာလုပ်ပေးရမလဲဟင်"
" ရပါတယ် ကိုယ်ခဏအိပ်အုံးမယ်၊ စောသေးတယ်ဆိုတော့မင်းလည်းပြန်အိပ်ပါလား..."
" အင်းး... "

အဖြူရောင်နုနု(complete)🚨Where stories live. Discover now