Unicode....
မော်လမြိုင်မြို့က သေးငယ်သောကျွန်းစုငယ်လေးဖြစ်သည် ။ တောင်ခုနှစ်လုံးပတ်ကာဝန်းရံထားသည်မို့ စိမ်းစိုနေသော သစ်ပင်များကဝေဆာလိူက်မောနေစွာအခြေတည်နေတော့သည် ။ လွမ်းမောဖွယ်ရာ ထန်းပင်ကြီးများ၏ အရိပ်အဝါသများက လွမ်းဆွေးစရာ ကျွန်းငယ်လေး ဒေသတစ်ခုဖြစ်နေတော့သည်။
မြေနီကုန်းကားဂိတ်ရောက်တော့ စီးလာတဲ့ Expressကားကြီးကတုံ့ခနဲရပ်တန့်သွားတာနဲ့အတူ ခရီးသည်များခေါ်ယူသံတွေ အပြိုင်အဆိုင်ခရီးသည်လုခေါ်သံများ ကျွတ်ကျွတ်ညံနေအောင် ပွတ်လောရိုက်နေတော့သည်။
ခြည်လက်ကို ဆွဲပြီးExpressကားကြီးပေါ်မှာဆင်းလာတဲ့ အမေကရပ်ထားသော မီနီးအိုးဝေဂိတ်နားကိုလျှောက်သွားလျှက် သွားလိုသည့်နေရာကိုပြော၍ ဈေးညှီးကာနေသည့်မို့ ခြည် မတွေ့ဖူးမမြင်ဖူးသည့်လူနှယ် မျက်ဝန်းတောက်တောက်လေးတွေဖြင့် ဘေးပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းကြည့်မိတော့၏။
"သမီးကားပေါ်တက် "
ငေးမောနေတဲ့ခြည်ကို အမေက ခေါ်ပြီး ကားပေါ် တက်ခိုင်းတာကြောင့် ခြည် ကားပေါ်တက်ထိုင်လိုက်တော့ ၊အမေပါ ခြည်ဘေးမှာ ဝင်တက်ထိုင်တော့သည်။
တရွေ့ရွေ့ဖြစ် ထွက်ခွာသွားသော မီနီးအိုးဝေရဲ့ ခရီးတစ်လျှောက်က လူနေပတ်ဝန်းကျင်နဲ့သွားလာလူပ်ရှားမူများကို အသက်ဝင်ရှူမောကာ ငေးကြည့်နေမိတာ ခြည်လင်းနောင်ဖြစ်သည်။
ကားဂိတ်မှာထွက်လာတာ နဲ့ မြင်မြင်သမျှကို အထူးဆန်းဖြစ်နေသဖွယ် ပါးစပ်ကလေးဟနေလျက် ငေးကြည့်နေတဲ့ ခြည်က တဖြေးဖြေး နဲ့အရှိန်ပါလာကာ မီးနီးအိုးဝေ ရဲ့ ပြတင်းပေါက်ကိုကျော်လွှာထွက်သွားပြီး ခေါင်းက အပြင်ကို ပြူးထွက်နေတော့သည်။
"ပြုတ်ကျမယ် သမီး"
သတိပေးသံနဲ့အတူ အမေက ခြည်ရဲ့ကိုယ်ကို မီးနီးအိုးဝေထဲဆွဲသွင်း၍ထိုင်စေတော့သည့်မို့ ခြည်လဲ ငြိမ်ငြိမ်ကလေးထိုင်နေလိုက်တော့တယ်။
အမြှင့်တောင်တန်းပေါ်မှာရှိသော ကြီးမား၍သပ္ပာယ်လွန်းသည် ဘုရားစေတီကို တွေ့လိုက်ရသည့် ခြည်မှာ အံဩမဆုံးဖြစ်နေမိတော့သည် ။ ရန်ကုန်မှာဆို ရွှေတိဂုံဘုရားကိုသာရောက်ဖူးတဲ့ ခြည်က အခုလို ကြီးမားထည်ဝါ၍ သပ္ပာယ်လွန်းလှတဲ့ ဘုရားစေတီးပုထိုးကို မြင်လိုက်ရတော့ ကြည်နူးစွာ အံဩလိူက်မောနေမိသည်။
