Unicode
မျက်နှာပျက်ကျနေတဲ့ သူငယ်ချင်း ခြည်ထွေးကို ယဉ်မေ စိုက်ကြည့်နေမိ၏။ခြည်ထွေးစကားကို နားမလည်းစွာဖြစ်နေမိတဲ့ ယဉ်မေက စိတ်မှာမေးမြန်းချင်နေသော ပုစ္တာတွေက အပြည့်ရှိနေတော့သည်။
"ယဉ်မေ နင်ကငါအတွက် ဆိုးတူကောင်းဖက်ဖြစ်သလို့ငါအယုံကြည်ရဆုံးသူလည်း ဖြစ်ဖို့မျှော်လင့်ပါတယ် ၊ ငါ မြိုသိမ့်ထားမိတယ် လျှိူဝှက်ချက်တစ်ခုကို နင်ရွံမရှာသွားဖို့ မျှော်လင့်ပါတယ် "
"ငါရင်တုန်လိုက်တာခြည်ထွေး ဘာကိစ္စမို့လိုလည်း၊ ငါကို ပြောပြပါအုံး နင် ရဲ့အတွေးတွေကို ကူညီဖြေရှင်းပေးရမှာ ငါကိစ္စပဲရာ ခြည်ထွေးရဲ့.."
စိတ်ပူစွာဖြင့် ခြည်ထွေးလက်ကိုယဉ်မေအားကိုးဖွယ်တစ်ခုလို့ ဆုပ်ကိုင်ပေးထားပြီး ၊ ပြောပြမည်ကိစ္စကကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကူညီအဖြေရှာပေးရမှာ သူငယ်ချင်းကောင်းတွေ ရဲ့ အလုပ်ပေဖြစ်သည် ။
"ငါ ရန်ကုန်ကနေ ဒီကို အပြီးပြောင်းလာခဲ့တာ ယဉ်မေ ဘာကိစ္စနဲ့လည်းဆိုရင် ငါသားက............................................................."
ဟုသောအစချီ၍ဖြစ်ခဲ့သမျှ အကြောင်းရာများကိုခြည်ထွေး မျက်ရည်တစမ်းစမ်းဖြင့် သူငယ်ချင်းဖြစ်သူကို အားကိုးတကြီးပြောပြနေတော့သည် ။
"ဟင်း ကံပေါ့ ခြည်ထွေးရာ ဘာဖြစ်လို့ ဒီကိစ္စကိုမှာ ငါတူလေးဆီကိုမှ ဝင်တိုက်ရတာလည်း ၊ ဘာဘဲဖြစ်ဖြစ်ပါလေး ခြည်ထွေး နင်သဘောဆန္ဒကို ငါလိုက်ရောပေးမယ် ဒါပင်မယ့်တစ်ချိန်ချိန်ကျရင်တော့ တိမ်မြှုပ်ထားတဲ့ အမှန်တရားကတော့ ပေါ်ပေါက်လာမှာပဲလေး အခါကျရင် နင်စိတ်နိုင်ပါစေ "
"ယဉ်မေ အနာဂတ်မှာ ဘာဖြစ်လာမလည်းဆိုတာ ငါမသိဘူး ဒါပင်မယ့်အခုလောလောဆယ်တော့ ငါသား မျက်နှာမငယ်စေရအောင် ငါဖုံးကွယ်ထားမှာပဲ ယဉ်မေ"
"အင်းပါ ဝမ်းနည်းမနေပါနဲ့တော့ ငါရှိနေတာပဲနင်ကို ငါကူညီမှာပေါ့ ဒီရပ်ကွက်တစ်ခုလုံး နင်သားက မိန်းကလေးဖြစ်ကြောင်း အကုန်သိအောင် ငါကူညီပေးမှာမယ် ခြည်ထွေးရာ အခုတော့ ငိုနေတာတိတ်လိုက်တော့နော် "
