real life

12.7K 921 23
                                    

<Unicode>
ခုထိမနက်စာမစားပဲပန်းကန်ကိုသာထိုင်ကြည့်နေတဲ့မောင်ကြောင့်လွမ်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။မောင်တစ်ယောက်တော်တော်ကိုပြာယာခပ်သွားတာပင်။သူကလဲသူပဲချက်ချင်းကြီးမောင်လို့ခေါ်ကာပြေးဖက်မိတော့မောင်ကကြောင်သွားမှာကိုသတိမထားလိုက်မိဘူး။အရင်ကဆိုလိုချင်တာရှိမှခေါ်တတ်ပီးတော့အခုလိုဖက်တာမျိုးကိုတခါမှမလုပ်ခဲ့ပေ။မောင်ကလာဖက်ရင်တောင်တွန်းထုတ်ကာမကြိုက်ကြောင်းပြောနေကြ။မောင်လန့်သွားတာမဆန်းပါဘူးလေ။

"မောင် စားလေ"

"....."

"မောင့်!"

"ဟင် အင်း အရုပ်လေး ဘာပြောလိုက်တာလဲ"

"စားလို့"

"အော် အင်း"

"မောင် ဒီနေ့အားလား"

"ဘာ ဘာဖြစ်လို့လဲ"

"မောင်အားရင်လွမ်းကိုရုပ်ရှင်လိုက်ပြခိုင်းမလို့ အားမှပါ မအားရင်ထက်မြတ်နဲ့ပဲသွား..."

"အားတယ် အားတယ် မောင်အားတယ်အရုပ်လေး"

"တကယ်လား ဒါဆိုရုပ်ရှင်သွားကြည့်မယ်နော်"

"အင်း"

"ဒါဆိုလွမ်းအင်္ကျီသွားလဲတော့မယ် ဟီးး မောင်ကအကောင်းဆုံးပဲ မွ"

ပါးကိုနမ်းကာအပေါ်တက်သွားတဲ့လွမ်းကြောင့်ရောင်နီမှာထိုင်ခုံတွင်မျက်လုံးအပြူးသားနဲ့ကျန်ခဲ့ပြန်သည်။ဒီတမနက်လုံးအထူးအဆန်းတေချည်းသာဆက်လိုက်ဖြစ်နေသည်။သူ့အားအရုပ်လေးကတင်းကြပ်စွာဖက်ထားရုံမကမောင်ဟုပါတသွင်သွင်ခေါ်နေသည်။ဒါ့အပြင်နေ့တိုင်းထက်မြတ်ဆီမှာသာအချိန်ကုန်နေတတ်တဲ့အရုပ်လေးကသူ့နဲ့အချိန်ဖြုန်းချင်တယ်တဲ့လား။အထူးဆန်းဆုံးကတော့သူ့ဘက်ကစပီးနမ်းသွားသည်တဲ့။ရောင်နီသူ့ပါးအားကိုင်ကာမယုံနိုင်မှုများဖြင့်မလှုပ်မယှက်ထိုင်နေသည်။

"ဒီအချိန်လေးကိုရပ်တန့်ထားလို့ရရင်သိပ်ကောင်းမှာပဲအရုပ်လေးရယ်"

တဖက်တွင်လွမ်းသည်လဲအဆမတန်ခုန်နေသည့်ရင်ဘတ်ကိုအသာဖိကာနှုတ်ခမ်းလေးကိုက်ကာပြုံးလိုက်သည်။အရင်ကဘဝပေါင်းများစွာထိတွေ့ဖူးပေမယ့်အခုကမတူမောင့်ရဲ့ခန္တာကိုယ်အစစ်နဲ့ထိတွေ့ရသည်ကအင်မတန်ရင်ခုန်ဖို့ကောင်းလွန်းသည်။

Revenge System(Completed)Where stories live. Discover now