135

5.8K 1.1K 50
                                    

Unicode

“ဘယ်သူအတော်ဆုံးလဲဆိုတဲ့ကိစ္စ ပြောတာရပ်သင့်ပြီ.. ကြင်ယာတော်ရွေးပွဲ ပြဿနာကို ဆက်သွားကြတာပေါ့..!”

ရွှယ်ယို့ရှန်းက သူ့ရဲ့လက်သွယ်သွယ်တွေကို ဝှေ့ရမ်းကာ စကားလမ်းကြောင်းပြောင်းလိုက်တယ်။ ရင်းဆုယဲ့ရဲ့စကားက ရှေ့ဆက်ပြောဖို့ အလွန့်၊ အလွန်၊ အလွန်၊ အလွန်ကို ခက်ခဲနေလို့ပဲ။

ရင်းဆုယဲ့ရဲ့အမြင်ကို ထောက်ခံပြီး သူ့ကိုယ်သူ အတော်ဆုံး၊ အကောင်းဆုံးလို့ ပြောရလောက်တဲ့အထိ သူ့ရဲ့မျက်နှာက မထူသေးဘူးလေ။

သို့ပေမယ့် ရင်းဆုယဲ့ကို ကန့်ကွက်ပြီး အဲ့လောက်မဟုတ်ပါဘူးလို့ ပြောရမှာကျတော့လည်း….

ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်တဲ့ အကျင့်မျိုး သူ့မှာမရှိပါဘူးနော်။ အထူးသဖြင့် အပြင်လူတွေရှေ့မှာ လုံးဝမလုပ်ဘူး။ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းထားရမယ်၊ ပျက်ဆီးလို့မဖြစ်ဘူး..!

အဲ့တော့ ရှေ့ဆက်ရခက်တဲ့ကိစ္စကို ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ..!

ရင်းဆုယဲ့ရဲ့ ရွှေပေါင်လုံးကြီးက သူ့ဘက်ကို အရေးသာစေလိုလို့ ရောက်လာတာဆိုပေမယ့် သူကတော့ အကူအညီဖြစ်တယ်လို့ မခံစားရပါဘူး။ သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ သူတို့တွေကို တိုက်ခိုက်ပစ်မယ်။ ဒီနေရာကို ပြဿနာရှာချင်လို့ ရောက်လာတာဆိုမှတော့ ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး။

အစောပိုင်း ထောင်လွှားနေကြတဲ့ လူအုပ်ကြီးလည်း လက်ရှိအချိန်မှာတော့ ပြာယာခတ်နေသလို ခေါင်းငုံ့ထားကြလေတယ်။ ထိုမြင်ကွင်းကြောင့် လူဆိုးလေးရွှယ်ယို့ရှန်းမှာ ပိုပြီုးပြဿနာရှာချင်လာတော့တယ်။

ဒီကမ္ဘာပေါ်မှာလည်း Heart Attack ရှိနေမလား မသိဘူး။ လူအိုကြီးတွေ အခုပျော်လိုက်၊ အခုစိတ်တိုရလိုက်နဲ့ ခံစားရလွန်းလို့ Heart Attack ရပြီး လဲကျကုန်ရင် ဒုက္ခ။

ဪ.. သူက ရန်သူအပေါ်မှာတောင် ကြင်နာတတ်လိုက်တာ။ တကယ့်ကို သူတော်ကောင်းလေပဲ..!

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းအနောက်သို့ ပြန်သွားကာ သူ့ရဲ့အပြုအမူနဲ့ ရွှယ်ယို့ရှန်းရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို တိတ်တဆိတ် ထောက်ပံ့ပေးနေခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now