Chapter 161

22K 2.9K 230
                                    

Unicode

အကြင်ခင်ပွန်းနှစ်ယောက် တစ်အိပ်ယာထဲအတူတူအိပ်ကြမယ်၊ ယန်းချင်းချီ :  ကျွန်တော့်ကိုဖိနှိပ်ချင်တဲ့လူတွေ နေရာတိုင်းမှာ အမြဲလိုလို တစ်ယောက်တော့ရှိတယ်
___________________________________

ကျန်းမော့ချန် သူ့အနားလာဖို့ လက်ဟန်ပြလိုက်တော့ ယန်းချင်းချီ စားပွဲပေါ်လက်ထောက်ရင်း ရှေ့တိုးလာသည်။ ကျန်းမော့ချန် ယန်းချင်းချီနားအနားကပ်သွားကာ ဘယ်သူ့မှမကြားစေချင်သည့်ပုံလေးဖြင့် နှုတ်ခမ်းအနားလက်ကာပြီး တိုးတိုးလေးပြောလာသည်။

'' ကိုယ့်အကြိုက် သေချာလေးချက်ပေးထားတာမြင်ရတော့ နည်းနည်းလေးအံ့သြသွားလို့ပါ ''

ယန်းချင်းချီရယ်လိုက်ကာ ကျန်းမော့ချန်အတိုင်းတုပ၍ ပါးစပ်အနားလက်လေးအုပ်ရင်း တိုးတိုးလေးပြန်ပြောလိုက်သည်။

'' အရင်က ချက်ပေးချင်ပေမဲ့ မီးဖိုချောင်ထဲတောင်မဝင်ခိုင်းတာ ခင်ဗျားလေ ကျွန်တော်ချက်ပေးတာကိုသဘောကျရင် နောက်ဆို ဘယ်သူက ဒီနေ့ဘာလုပ်ရမယ်ဆိုပြီး ခွဲတမ်းချထားလို့ရတာပဲ ''

ကျန်းမော့ချန် သူ့ကိုလှည့်ကြည့်ရင်း တိုးတိုးလေးပြောလာသည်။

'' အဲ့လိုဆို ကိုယ်မင်းကို အလိုမလိုက်သလိုဖြစ်သွားမှာပေါ့ ''

'' ကိစ္စမရှိပါဘူး အဲ့တော့ နောက်ပိုင်းတွေမှာ ကျွန်တော်တို့ အခုလိုပဲ အိမ်အလုပ်ခွဲလုပ်ချင်လား ''

'' အဲ့လိုလုပ်ချင်လည်းရတယ်လေ အိမ်ပြန်ရောက်ရင် ဆုံးဖြတ်ချက်ပြန်ပြောင်းလို့မရတော့ဘူးနော် '' ကျန်းမော့ချန် ထိုသို့ပြောရင်း လက်ဆန့်ထုတ်လာသည်။

ယန်းချင်းချီ ကတိပေးနေသည့်အနေဖြင့် တဖက်လူလက်ဖဝါးကြီးကိုဖြန်းခနဲမြည်အောင်ရိုက်ရင်း

''သဘောတူတယ် ''

နှစ်ယောက်သား ညစာစားပြီးသွားတော့ ခိုင်းစရာမလိုလောက်အောင် ကျန်းမော့ချန်ပဲ အိုးတွေ၊ပန်းကန်တွေကောက်ဆေးလိုက်ကာ သန့်ရှင်းရေးလုပ်ပြီးနောက် အနားယူဖို့ အပေါ်ထပ်ကိုနှစ်ယောက်အတူတူပြန်တက်လာကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now