အပိုင်း ၁၇ (အပိုင္း ၁၇)

445 63 25
                                    

Unicode

"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"

"ခဗျားမသိသေးဘူးထင်တယ်
ဘီဘီက ဒီအိမ်ကြီးပိုင်ရှင် မစ္စတာမင်ဂျီမင်းရဲ့
တစ်ဦးတည်းသောမြေးပဲ"

ဟူး...မောလိုက်တာ

ယွန်းဂီ ခိုးပြုံးလိုက်မိသည်။
စကားပြောပုံကခပ်ကြွားကြွားပေမယ့်
သူ့ကိုယ်သူဘီဘီတဲ့...

"ဖိုးဖိုးအထဲမှာရှိပါတယ်..."

အိမ်ထဲကိုဝင်ပြီး သူ့အထုတ်တွေကိုယွန်းဂီကိုပေးလျက်
"ဒီကခဗျားက အလုပ်သမားထင်တယ်နော်
ဘီဘီ့အိတ်ကလေးသယ်ခဲ့ပေးစမ်းပါ"

"ဟမ်! ဟုတ်ဟုတ်"

"ဪ နေအုံး ခဗျားလက်တွေမြေကြီးပေနေတာ
အရင်ဆေးပြီးမှသယ်ခဲ့နော်"

"ကောင်းပါပြီ"

ယွန်းဂီမှာပြုံးပြုံးကြီးဖြင့် ဟိုဘီပြောသမျှခေါင်းညိတ်နေ၏။

မျက်စောင်းတစ်ချက်ပစ်ကာ အိမ်ထဲသို့
ဝင်သွားတဲ့အကောင်ပေါက်...

အမြင်ကပ်ဖို့ကောင်းလိုက်တာ
ဖိုးဖိုးကဘယ်လိုအလုပ်သမားခန့်ထားမှန်းမသိဘူး ထောင့်ကိုမကျိုးဘူး စပ်ဖြီးဖြီးနဲ့

လူတိုင်းအပေါ်မျက်နှာသေနဲ့ဆက်ဆံတတ်တဲ့ယွန်းဂီဟာ သူ့ကြောင့်သာဟန်မဆောင်နိုင်အောင်ပြုံးတယ်ဆိုတာ ဟိုဘီ မသိပေ...

"အိမ်ရှေ့မှာ ဘာတွေဆူညံနေတာတုန်း"

"ဖိုးဖိုး!"

ဂျီမင်းကိုတွေ့တော့ နောက်ပြန်လဲကျမတတ်ပြေးဖက်၏။

"ဘီဘီလေးရောက်လာပြီပဲ လာအိမ်ထဲကိုသွားကြမယ်"

တစ်လမ်းလုံး သူတစ်ယောက်ထဲဘယ်လိုလာခဲ့ရကြောင်းတွေ မမောနိုင်မပန်းနိုင်ဖောင်ဖွဲ့ပြောလေသည်။

ဒီကအလုပ်သမားကအချိုးမပြေတဲ့အကြောင်းလည်းအပါအဝင်

"ဟေ!  ယွန်းဂီက အလုပ်သမားမဟုတ်ဘူးလေ ဘေးအိမ်ကကလေး သူကဒီကိုဝင်ထွက်နေကြရယ်"

"ဘီဘီမှမသိတာကို သူကလည်းသူ့အိမ်နဲ့သူမနေဘူး"

"သူလာနေနေတာ ဘီဘီအနှီးထုပ်အရွယ်ထဲက
တစ်ကယ်တမ်းပြောကြေးဆို
သူကတောင်ဧည့်သည်မဟုတ်လား
သွားတောင်းပန်လိုက်"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now