Chapter 25 unicode

19.8K 462 17
                                    

🔸အဖြူရောင်နုနု🔸25

            အပိုင်း~၂၅

ဆေးကျောင်းရဲ့ဘွဲ့နှင်းသဘင်ခန်းမကြီးမှာဘွဲ့ရ
ဆရာ၀န်လောင်းတွေဟာကျမ်းသစ္စာကျိန်ဆိုနေကြ
ူသည်။
"ကျွန်ုပ်တွင်ရှိသမျှသော အရည်အသွေးနှင့်ဆုံးဖြတ်ပိုင်းခြားနိုင်စွမ်းတို့ကို အကောင်းဆုံးအသုံးချလျှက် လူနာများကိုပြုစုပေးပါမည်၊ မည်သည့်လူနာအပေါ်တွင်မဆို အန္တရာယ်ရှိစေမည့်ကုသမှု၊ အမှား
အယွင်းတို့ကို မပြုလုပ်မိအောင်ရှောင်ကြဉ်ပါမည်။"

ဟစ်ပိုကကရေးတီးအုတ်(HippocraticOath)
ကိုတည်းဖြတ်ထားသော ဆရာ၀န်များ အဓိဌာန်ပြု
ကတိသစ္စာကိုဘွဲ့ယူတဲ့အခါရွတ်ဆိုရသည်။
သူတို့အလှည့်တုန်းကလည်းတတ်ကြွစွာနဲ့ကျိန်ဆို
ခဲ့ဖူးသည်။ အခုတော့သူဟာသူသင်ကြားပေးလိုက်
တဲ့ဘွဲရမောင်မယ်တပည့်တွေကိုစင်ပေါ်ကနေပြုံး
ကြည့်နေရတဲ့ကထိကတစ်ယောက်ပဲပေါ့။

အခမ်းအနားပြီးလို့တပည့်တွေကနှုတ်ဆက်ကန်တော့တာကိုလက်ခံပြီးမှ ခန်းမထဲကထွက်လာခဲ့သည်။အပြင်မှာမိဘတွေ၊ချစ်ရသူတွေနဲ့ပြုံးပျော်နေ
တဲ့တတ်သစ်စနေ၀န်းပမာသစ်လွင်နေကြတဲ့ဆရာ
၀န်မောင်မယ်တွေကိုကြည့်ပြီး ပီတိတစ်မျိုးဖြစ်ရ
သည်။အင်း ဒီနေ့ဟာတော့ဆရာ၀န်ဘ၀မှာအပျော်
ဆုံးနေ့ဖြစ်ကြမှာပါ။

" ကိုကို ဒီကိုကြည့်လေ.. ပြုံးအုံး..နည်းနည်းပိုပြုံး"
ကင်မရာလေးတကားကားနဲ့သူနောက်ကလိုက်ပြီး
ဓာတ်ပုံရိုက်ပေးနေတဲ့ ၉တန်းကျောင်းသူလေးသူမ၊
" တစ်ပုံလောက်တူတူရိုက်မယ်..."
သူ့လက်ကိုဆွဲချိတ်ကာ သူ့ပုခုံးပေါ်ခေါင်းမှီထားခဲ့တဲ့သူမ.....
မင်းဘယ်မှာလဲ လွန်းဖြူဖြု၊ အခုမင်းဘယ်နေရာမှာ
ဘာတွေလုပ်ခဲ့လို့...ငါမင်းကိုရှာမတွေ့နိုင်ခဲ့တာလဲ။

သူ့ကားလေးထဲ၀င်ကာ၀တ်ရုံကိုချွတ်ကာချိတ်နဲ့ချိတ်လိုက်သည်။ကားကိုစက်နှိုးပြင်ပြီးမှ ရှေ့ကဖြတ်
သွားတဲ့ပြိုင်ကားနီနီလေးမှာသူ့စိတ်တွေကပ်
ငြိကာပါသွားပြန်သည်။ ကားဆိုအနီရောင်
မှcrazyဖြစ်တတ်တဲ့သူမအကြောင်း..

နှစ်၂၀တောင်ကျော်ခဲ့ပြီပဲဖြူဖြူရယ်...
ငါအရှုံးပေးပါတယ်လို့ဒီလောက်အော်နေခဲ့တာ
တောင် မင်းဘာလို့ထွက်မလာခဲ့တာလဲ?။
ငါဘယ်အချိန်အထိစောင့်နေရမလဲ၊ဘယ်လိုလုပ်မှ
မင်းကိုပြန်တွေ့ရမှာလဲ.......။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now