real life

11.3K 866 54
                                    

<Unicode>
"ဆေးသောက်ပီးအိပ်လိုက်နော်"

"ဟင့်အင်း"

"လွမ်းမောင့်နားမှာပဲနေမှာပါ မောင်နိုးလာတဲ့အထိလွမ်းထိုင်စောင့်နေပေးမယ်"

"မောင့်ကိုဖက်ထားပေး"

"ဟုတ်ပါပီ"

လွမ်းပါကုတင်ပေါ်လှဲလိုက်ပီးမောင့်ခေါင်းလေးကိုရင်ခွင်ထဲထည့်လိုက်သည်။မောင်ကလွမ်းရဲ့ခါးကိုကျစ်နေအောင်ဖက်ထားသည်။မောင်ရဲ့စိတ်ကလွမ်းနဲ့ဆိုရင်ပိုးသားလေးလိုနူးညံ့လွန်းကာအထိမခံပေ။မသိတဲ့သူတေဆိုမောင်ဟာအရမ်းပျော့ညံ့တယ်ပဲထင်မှာ။ဒါပေမယ့်လွမ်းကမောင့်ရဲ့အမှောင်ဘက်အခြမ်းကိုသိထားသည်။မောင်ကလွမ်းအပေါ်မှာဟာနူးညံ့တာပါကျန်တဲ့သူတေနဲ့ဆိုမောင်ဟာအချိန်မရွေးထပေါက်နိုင်တဲ့ဗုံးတစ်လုံးသာပင်။အိပ်ဆေးပါထည့်တိုက်ထားတာမို့ခနလေးအတွင်းအိပ်ပျော်သွားတဲ့မောင်အဖျားရှိန်ကြောင့်လက်ဖျားလေးများပူနေသည်။လွမ်းမောင့်ဖုန်းကိုထုတ်ကာမောင့်ရဲ့အတွင်းရေးမှူးကိုဖုန်းဆက်လိုက်သည်။

"ဟယ်လိုအကို ကျနော်ပါ လွမ်းသက္ကရာဇ်"

"အော် ဟုတ်ကဲ့အကိုလေးဘာများဖြစ်လို့လဲ"

"ဒီနေ့မောင့်ရှုံးခန်းထဲဝင်သွားတဲ့မိန်းကလေးတေနာမည်သိချင်လို့ပါ"

"ဒီ​နေ့bossရုံးခန်းထဲဝင်တာဝန်ထမ်းအသစ်တစ်ယောက်ပဲရှိပါတယ် သူ့နာမည်ကသီရိတဲ့"

"သီရိ?ကျေးဇူးပါအကို နောက်ပီးမောင်ကအခုဖျားနေလို့ကုမ္မဏီကိုအကိုနဲ့ပဲခနလွှဲထားပါရစေ"

"ဟုတ်ကဲ့ စိတ်ချပါ ကျနော်တာဝန်ယူလိုက်ပါ့မယ်"

"ဟက် သီရိ သီရိ မင်းတို့ကငါ့ကိုသဘောမကောင်းစေချင်ဘူးထင်ပါရဲ့ အဲ့တော့လဲတစ်ပွဲလောက်ကစားကြတာပေါ့"

.........

"ဘာ!အရုပ်လေး မောင့်ကိုလာနောက်နေတာလား"

"လွမ်းအတည်ပြောနေတာ"

"ဟင့်အင်း မရဘူး အရုပ်လေး မောင့်ကိုမနေ့ကကိစ္စကိုအထင်လွဲနေတုန်းမလား မောင်မဟုတ်ရပါဘူး အရုပ်လေးရယ်"

Revenge System(Completed)Where stories live. Discover now