အပိုင်း(၁၇)

10.7K 543 2
                                    


"ကိုကို...ကျွန်တော်....."
" အင်း ..ပြောလေ မကြောက်နဲ့ ဆက်ပြော"

" ကျွန်တော် မျက်နှာသစ်ချင်..လို့"
" လာ အဲ့ဒါတွေထားခဲ့လိုက်...ကိုကိုအခန်းလိုက်ခဲ့ ..."

ငါ ဘာတွေပြောနေမိတာလည်း ၊ ကိုကိုအိပ်ခန်းသွားရအောင် ငါစကားက ဘယ်အဓိပ္ပါယ်ရောက်သွားလဲ။ သေစမ်း...ငကောင်း...စိတ်ထိမ်းချုပ်စမ်း။ မေမေက မှာထားတယ် စိတ်ရှားရင် အသက်ကို ဖြေးဖြေးရူပြီး တည်ငြိမ်အောင်လုပ်တဲ့။ ငါ ဒီည ဘယ်လိုအိပ်ရမလဲ၊...ကြမ်းပြင်မှာသာ လဲအိပ်ချင်တော့တယ်။ အတွေးပေါင်းစုံတွေးရင်း Bathroom ထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်။

တကယ့်ကြ ကိုကိုနဲ့ နှစ်ယောက်တည်း တစ်ခန်းနေရမည့်တစ်ညတာ ကိုဘယ်လိုဖြတ်သန်းရမလဲ။ ကျွန်တော် ချစ်တယ်လို့ ဝန်ခံမိတာကလည်း ကိုကိုစိမ်းစည်၊ ကိုကို့ကျော်ကြားမူ၊ ဂုဏ်ပကာသန တွေ ဘာတစ်ခုမှ မက်မောခဲ့လို့မဟုတ်။ ကိုယ့်နှလုံးသားလိုအင်၊ အတိတ်ကရေစက်တွေကြောင့် ကိုကိုနှင့်မှ ကျွန်တော်နှလုံးသားတံခါးပွင့်ခဲ့တယ်။ တစ်သက်မှ တစ်ခါပဲ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာက ကိုကိုဆိုတဲ့အမည်နဲ့  တံဆိပ်ရိုတ်ထွက်ခဲ့တယ်။ ကျွန်တော်က အချစ်ကို ကိုးကွယ်တယ်ကိုကို....

Bathroom မှာ ကိုယ်မတွေ့ဖူးတဲ့ Branded ပစ္စည်းအစုံအလင်နဲ။ ကြီးမားကျယ်ပြန့်သော ရေချိုးခန်းကြီးက နယ်မှာ တစ်မိသားစု နေလို့ရမယ်ထင်တယ်။ ကိုကိုက သန့်ရှင်းမူ တအားကြိုက်တယ်ထင်တယ်..ကိုကိုCondoမှာ အမိူက်ရယ်မရှိ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူ နေသားတကျ ။ ကြွယ်ဝသူတွေများပီပီ....ဘဝကြီးက မြင့်မြတ်ကြပါ့ရော်။

ဒေါက်~ဒေါက်

"ကလေး...ကြာနေပြီ ...ဘာလုပ်နေလဲ"
"ဗျာ...ဟို..ဟို.."

"တံခါးဖွင့်...ခုချက်ချင်း.."

ဂျောက်ဆိုတဲ့အသံနဲ့အတူ ဘာမှ ပြောင်းလဲမူမရှိသေးသော ကလေးမျက်နှာ၊ ရေချိုးထားရသေးပုံမပေါ်ဘူး။ ကိုယ်အိမ်ကိုယ်နေရာ မဟုတ်လို့ ကြောက်နေပြီထင်တယ်။ ကျွန်တော်ကို မျက်လုံးဝိုင်းဝိုင်းတွေက ညိုးငယ်စွာကြည့်နေတယ်။ ဘာများဖြစ်လိုပါ့လိမ့်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now