Chapter 163

19.4K 2.7K 176
                                    

Unicode

ဖေ့ကျင့်ယွီရဲ့အလိုမကျမှု၊ ယွီရှောင်ယွီရဲ့အတင်းလိုက်ကပ်မှု
__________________________________

လီပေါ်ကျုံးက ဒီလောကထဲကနေ ထဲထဲဝင်ဝင် အနားယူလိုက်ပြီဖြစ်တာကြောင့် သူ ဒီလောကထဲနောက်တစ်ခေါက်ပြန်ဝင်လာခြင်းက သူ့သမီးကြောင့်မှန်း နှစ်ခါပြန်စဉ်းစားနေစရာတောင်မလိုပါ။ ထို့အပြင် လီမော့က သူနဲ့ ယန်းချင်းချီကို ကောကော၊ ကောကောဟု လိုက်ခေါ်နေတဲ့အတွက် သူတို့ကလည်းညီမလေးတစ်ယောက်လိုသတ်မှတ်ထားတာကြောင့် ကျန်းမော့ချန် သတိမပေးပဲမနေနိုင်ခဲ့။

'' လီမော့ မင်းအဖေ မင်းကိုဘာပြောထားလဲ ''

လီမော့ သူမ ဒီကိုမလာခင် သူမအဖေအခေါက်၈၀၀လောက် ထပ်တလဲလဲ ပြောထားသည့် ဆုံးမစကားများကို ချက်ချင်းပြန်သတိရသွားသည်။ အလိုလိုက်ခံရတဲ့ မင်းသမီးလေးလိုမပြုမူနဲ့၊ စိတ်ထဲကစကားတွေ အပြင်ကိုထုတ်မပြောနဲ့၊ ဒေါသအထွက်မလွယ်နဲ့။ သူမ ပါးစပ်ကိုလက်နဲ့အုပ်ရင်း ကျန်းမော့ချန်ကို နားလည်ပြီဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်လေသည်။

ယန်းချင်းချီ၊ ဘားပိုင်ရှင်နဲ့ အင်္ဂလိပ်လိုတွေပြောနေကြတာကို မော့ရှောင်းရှောင်း ဘေးကနေနားထောင်နေရင်း ကျန်းနင်ဝေးဘက်အံ့သြတကြီးလှည့်ပြောလာသည်။

'' ယန်းကောက အင်္ဂလိပ်စကားလည်းကောင်းကောင်းပြောနိုင်တယ်နော် ငါအစက အဖွဲ့ထဲမှာ ကျန်းကောတစ်ယောက်ပဲ အင်္ဂလိပ်စာကောင်းတယ်မှတ်တာ အခုကြည့်ရသလောက်တော့ နှစ်ယောက်လုံး အင်္ဂလိပ်စာကောင်းကြတာပဲ ''

ကျန်းနင်ဝေး ခေါင်းငြိမ့်ပြရင်း

'' ငါ အရမ်းမနာလိုဖြစ်တာပဲ ''

မော့ရှောင်းရှောင်းလည်း မနာလိုဖြစ်သွားသည်။

'' သူက တကယ့်ကိုစွယ်စုံရပါဟာ ''

မော့ရှောင်းရှောင်း ဘာမှမပြောခင်အထိ ကျန်းမော့ချန်လည်းဘယ်လိုမှမခံစားရပါ။ အခုမော့ရှောင်းရှောင်း ထုတ်ပြောလာမှ သူကိုယ်တိုင်လည်း တစ်စုံတစ်ခုကို သတိထားမိသွားပြန်သည်။ ယန်းချင်းချီအကြောင်းစုံစမ်းထားသည့် ကိုယ်ရေးအချက်အလက်ထဲမှာ ယန်းချင်းချီက အင်္ဂလိပ်နဲ့သင်္ချာမတော်ဘူးဟု မှတ်ချက်ပေးထားသည်။ ဒါပေမဲ့ အခုကျ ဘယ်လိုဖြစ်လို့ အင်္ဂလိပ်စကားကို ချောချောမွတ်မွတ်ပြောနေနိုင်ရတာလဲ။ ကျန်းမော့ချန်ရထားသည့် သတင်းအချက်အလက်တွေက ဘယ်လောက်ပဲသုံးစားမရပါစေဦး ယန်းချင်းချီလုပ်သမျှ အထဲကအချက်အလက်အလက်တွေနဲ့ အားလုံးနီးပါးကွဲလွဲနေတာကကျ သူ့ကိုအံ့အားသင့်စေသလို အတွေးလည်းများစေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now