အခန်း ၁၃

1.1K 120 2
                                    


ဒီဇင်ဘာမကုန်သေးသော်လည်း အချမ်းကသိသိသာသာလျော့ကျသွားသည်ထင်၏။
ကျွန်မစိတ်ထင်၍ပဲလားမပြောတက်။
နွေးနေသည့်ခံစားချက်အပြည့်ရနေသည်။

ကျွန်မနှင့်ရတီကို နှစ်ယောက်သား စကားမပြောဖြစ်ကြတော့ပဲ အချိန်ကြာကြာရထားသံလမ်းလေးပေါ်ထိုင်နေဖြစ်ကြသည်။
မကြာခင် နေမင်းကြီးက မိုးကုပ်စက်ဝိုင်းအနောက်ဘက်ကို ပြေးဝင်ပုန်းခိုတော့မည်။

"မနက်ဖြန် ဘုရားကျောင်းမှာ လက်ထပ်ပွဲတစ်ခုရှိတယ်။
ဒီည သွားကြမလား"

ကျွန်မပြောလိုက်ခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်ကို သူနားလည်မည်လားနားမလည်ဘူးလားကျွန်မမသိ။

ကျွန်မ၏ရည်ရွယ်ချက်က သရနှင့်ပိုပြီးအဆင့်တစ်ခုရောက်စေခဲ့သော နေရာမို့သွားချင်ရခြင်းဖြစ်ပါသည်။
ကျွန်မတို့ဘုရားကျောင်း၌ လက်ထပ်ကြသူအများစုက ခရစ္စမတ်နှင့်ရက်တိုက်ကာ လက်ထပ်ကြသူများသည်။
ကျွန်မအကိုကြီးက ဒီဇင်ဘာ ၂၄ရက်နေ့မှာ လပ်ထပ်ပွဲကျင်းပပြီး၊ အကိုလတ်လက်ထပ်ပွဲက ဒီဇင်ဘာ ၂၆ဖြစ်၏။

ခရစ္စမတ်နေ့နှင့်ကပ်ကာလုပ်ကြခြင်းက ပို၍အမှတ်တရဖြစ်စေသည်။

သူက ခေါင်းညိတ်လက်ခံပါသည်။
ကျွန်မတို့အသွားတုန်းကလိုမဟုတ်တော့ပဲ အပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပါသည်။

****my choice ****

ညစာစားပြီးချိန် အမေနှင့် မိသားစုကိုနှုတ်ဆက်လိုက်သည်။
ကျွန်မဘုရားကျောင်းသွားမည်ဟုဆိုကာ အနွေးထည်တစ်ထည်ဝတ်လျက် အိမ်ထဲမှာထွက်ခဲ့လိုက်သည်။ အိမ်ရှေ့၌ ရတီကို က သိုးမွေးအနွေးထည်အနီရောင်ကိုဝတ်ကာ ရပ်စောင့်နေသည်။
ကျွန်မကိုတွေ့တော့ သူကပြုံးပြ၏။
သူ့အပြုံးတွေက နွေးထွေးသော အပြုံးဖြစ်သည်။
ရင်းနှီးသူတစ်ယောက်ကို နှစ်လိုလက်ရပြုံးပြသောအပြုံးမျိုးဖြစ်၏။

"ဆိုင်ကယ်မယူတော့ဘူးနော်။ လေတိုက်ရင်အေးမှာ"

"အင်း ရပါတယ်"

ဘုရားကျောင်းရောက်တော့လူတွေက စည်ကားနေသည်။
လက်ထပ်မည့်နေ့မတိုင်မီကို အဝင်နေ့ဟုခေါ်၏။
ထိုနေ့ည၌ နောက်နေ့လက်ထပ်ပွဲအတွက် လေ့ကျင့်ကြရသည်။
ပန်းကျဲသောမိန်းကလေး၊ လက်ထပ်လက်စွပ်ကိုင်သော ကလေးမလေးနှစ်ယောက်၊ သတို့သား၊သတို့သမီးအရံများ ထို့နောက် သတို့သမီးအားသူ့အုပ်ထိန်းသူက ဘုရားကျောင်းထဲ ခေါ်ယူလာပုံတွေကို သင်းအုပ်ဆရာကသင်ပေးကြသည်။

My Choice (Completed )Où les histoires vivent. Découvrez maintenant