Chapter 12

7.7K 512 9
                                    

ပေါင်လယ်လောက်ပဲ ရှိသည့် ဂါဝန်လေးတစ်ထည်။လေးထောင့်ပုံစံ လည်ပင်းပေါက်နှင့် အောက်ကား စကပ်ပုံစံလေး ဖြစ်သည်။ပန်းရောင်နှင့် အဖြူစပ်လေးဖြစ်ပြီး ဖြူသွယ်နေသည့် ပေါင်တံလေးတို့ဖြင့် ဖျော့တော့စွာ လှပနေတော့သည်။ ရှူး အနက်ရောင် ကြိုးသိုင်းလေးနှင့် ခြေအိတ် အဖြူရောင်လေးသည် ဖဲကြိုးနီနီတို့ဝန်းရံလို့နေသည်။ pinky colour make up look လေးနှင့် ဘာဘီ ရုပ်ကလေးနှင့် အတော်လေးတူလှသည်။နှိုင်းယှဥ်မိလျှင် စိမ့်ဝတီက ပိုလှလိမ့်မည်။

အပြုံးအရယ် မရှိသည့် မျက်နှာလေးသည်
ဝင်းပနေပေမဲ့ သနားစဖွယ် ရှုထောင့်၌ ရှိနေပြန်သည်။ကားတစ်စီးထက်၌ လိုက်ပါရသည်က သူအမုန်းဆုံး သူကြောင့်များလား

စိမ့်တို့ လက်ထပ်ပြီးရင် အတူနေရမဲ့ အိမ်တဲ့လေ The Unique uni ရဲ့အနီးက Unique Villa သို့ သွားနေကြတာဖြစ်သည်။ ပေ 100,00 ကျော် ကျယ်ဝန်းသည့်ခြံအတွင့် အထပ် မြင် 5 ထပ်ပါဝင် သည့် ထို Villa သည် ကောင်းကင်ထက်ယံစိတ်တိုင်းကျပုံဖော်ထားသည့် အိမ်ပုံစံပင်ဖြစ်သည်။ဒါတွေကို စိမ့်အနေနဲ့ စိတ်မဝင်စားခဲ့ပါ။အရေးကြီးသည်က စိမ့်သည်ယောက်ျား တစ်ယောက်ဆိုတဲ့ အကြောင်းကို ဖွင့်ပြောသင့်ပါသလား။ဖုံးကွယ်ထားသင့်ပါသလား ဘယ်နည်းနဲ့ပဲ ဖြစ်နေပါစေ ဒါက ပေါ်ထွက်လာတော့မည့် အမှန်တရားပင်ဖြစ်သည်။

"စိမ့်ဝတီ ကိုယ်နဲ့ အတူ ရှိရတာကိုအဲ့လောက်တောင်မုန်းလား"

ကားရှေ့တည့်တည့်ကိုသာ ကြည့်ပြီး မာထန်နေတဲ့ မျက်နှာကြောင့် မေးစေ့အား လက်ညိုးနဲ့ ပင့်ကာ သူ့ဘက်သို့လှည့်စေပြီး ကောင်းကင် မေးလိုက်တာ ဖြစ်သည်။

"အဲ့ထက်ပိုတယ် ကောင်းကင်ထက်ယံ"

ရုပ်ချည်းပျက်သွားတဲ့ ကောင်းကင်ထက်ယံရဲ့ မျက်နှာ အမူအရာကြောင့် စိမ့်ကျေနပ်မိတာ အမှန်ပင် ။ ဟုတ်တယ် ငါမင်းကို မင်းထင်ထားတာထက်ပိုမုန်းတယ်။ဒါပေမဲ့ ငါ့ကိုယ်ငါ ပိုမုန်းတယ် ကောင်းကင်...........

ကားရပ်သွားတဲ့ အခါ ကိုရာဇာက တံခါးဖွင့်ပေးသည်။ကောင်းကင်က စိမ့်လက်ကလေးကို ကိုင်ကာဆွဲထားခဲ့သည်။ဘာလို့ နူးညံ့တဲ့ ဆက်နွယ်မှုပုံကို ဖော်ခဲ့လည်း မသိပေမဲ့ စိမ့်စိတ်ထဲ စိတ်ရှုပ်တာကလွဲပြီး ဘာမှ မခံ မိဘူး။

I am not girl(Complete)Where stories live. Discover now