Ep_20

5.1K 252 1
                                    

Unicode

Villaရှေ့ရောက်သည်နှင့် အမရာ ပင့်သက်ရှိုက်ကာ နှုတ်ခမ်းမှလေအနည်းငယ်မှုတ်ထုတ်လိုက်၏။ နောက်ရိုက်ကူးရေးအတွက် မန်နေဂျာနဲ့အတူ scheduleပြင်ဆင်နေရင်းမှာပဲ ဒေါ်ငွေနန်းရွှေရည်လှမ်းခေါ်သည့်အတွက်ကြောင့် သူမဘာများအမှားလုပ်မိသလဲတွေးရင်းစိတ်ထဲမတင်မကျဖြစ်နေသည်။

အစိမ်းရောင်မြက်ခင်းစိမ်းတွေပေါ်မှဖြတ်လျှောက်ကာ တံခါးဝရောက်သည်နှင့် ရင်ဘတ်ဖိပြီး ဘဲလ်တီးလိုက်၏၊တစ်ခဏအကြာမှ အိမ်တံခါးပွင့်လာ၍ အကူမိန်းကလေးမှ အထဲသို့ဝင်ရန်ခေါ်လိုက်သည်။

ခေတ်မှီအပြင်အဆင်တွေနဲ့တခမ်းတနားပြင်ဆင်ထားသည့် အတွင်းပိုင်းပုံစံ။မှန်ပြတင်းတွေမှာတပ်ဆင်ထားသည့်ခေတ်မှီလိုက်ကာတွေကအစအသစ်အတိုင်းအရောင်လွင်နေသည်။ ဆိုဖာကြီး၏မျက်နှာချင်း
ဆိုင်မှာ တန်ဖိုးကြီးပန်းချီကားချပ်တွေကို ချိတ်ဆင်ထားသေး၏။
ထို့အပြင် လေးထောင့်ကျကျဧည့်ခန်း၏ထောင့်တိုင်းတွင် သမိုင်းဝင်
ဗိသုကာလက်ရာရှင်တွေ၏ဒီဇိုင်းဖြစ်သည့် ရုပ်တု၊ စံချိန်မှီ အလှထား
ကြွေပန်းအိုးတွေလဲရှိသည်။သို့ပေမယ့်သူမရောက်ဖူးသည့် တိုင်း၏
royal palaceစံအိမ်လောက်တော့ မကြီးကျယ်သော်ငြားစံအိမ်ထက်တော့ အရည်အသွေး မနိမ့်ပေ။

"အမရာ ရောက်နေပြီလား"

ဒေါ်ငွေနန်းရွှေရည်လေသံက တည်ငြိမ်နေသည်။လက်ထဲမှာလဲဖိုင်အိတ်တစ်ခုကိုင်ထား၏။

"ဟုတ်ကဲ့အန်တီ"

သူမဆိုဖာပေါ်ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိင်နက် ဖိုင်ကို စားပွဲပေါ်တင်ကာ လက်ပိုက်၍အမရာကို စေ့စေ့စပ်စပ်ကြည့်လေသည်။သူဌေးမင်း
ကတော်ဖြစ်တာကြောင့်အမရာ ကိုယ်လေးပင့်ကျုံ့သွား၍ ဘာအမှားလုပ်ထားမိသလဲဟုအဖြေရှာနေမိသည်။

"အန်တီပြောမယ့်စကားကိုအမရာခန့်မှန်းနေပုံရတယ်"

"ရှင်!"

စားပွဲရှေ့မှာချထားသည့် ဖိုင်အိတ်ကို အမရာရှေ့တိုးပေးလိုက်ရင်း

"အမရာကို ဦးစွာဝန်ခံစရာရှိတယ်"

အမရာဒုတိယအကြိမ်အံ့သြမိပြန်ပြီ။ဒေါ်ငွေနန်းရွှေရည်လိုလူက
သူမကိုဝန်ခံစရာရှိသည်တဲ့။ဒါဆို သူမကိုအမှားရှာဖို့အတွက်ခေါ်တာမဟုတ်ဘူး။ဒါပေမယ့် ဘာကိုဝန်ခံမှာလဲ။ သူမနဲ့သက်ဆိုင်တာ ဘာများရှိလို့လဲ။ တွေးရင်းမျက်မှောင်ကျုံ့လိုက်မိတော့သည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now