136

5.4K 1.1K 63
                                    

Unicode

“ခင်ဗျားတို့ရွေးထားတာတွေက ကျုပ်ကိုတောင် မယှဉ်နိုင်တာ၊ ရင်းဆုယဲ့ရဲ့ နှလုံးသားထဲက ကျုပ်ရဲ့နေရာကို အစားထိုးနိုင်ဖို့ အခွင့်အရေးရှိပါဦးမလား.. ခင်ဗျားတို့ အရှုံးကြီးရှုံးသွားပြီ..!”

ရွှယ်ယို့ရှန်းက တဖြည်းဖြည်း မျက်နှာပျက်ယွင်းလာတဲ့ မှူးမတ်တွေကို လုံးဝဂရုမစိုက်ဘဲ သူ့ရဲ့သုံးသပ်ချက်ကို တည့်တိုးပြောပစ်လိုက်တယ်။

သင်းတို့ကို အနိုင်ကျင့်ပြီး သူ့ရဲ့နေရာအမှန်ကို ပြရမယ်..!

“မင်းရဲ့စကားတွေက တစ်ဖက်သတ်ဆန်လွန်းတယ်လို့ မထင်ဘူးလား..?”

ရုတ်တရက် ထုတ်ဖော်ပြလာတဲ့ ရွှယ်ယို့ရှန်းရဲ့ စွမ်းအင်အဆင့်ကြောင့် ထိုလူအုပ်ကြီးလည်း လန့်ဖြန့်သွားပေမယ့် သူတို့ရဲ့အကျိုးအမြတ်ကို ထိခိုက်လာသောကြောင့် ထပ်မံငြင်းခုန်ပြန်တယ်။ ရွှယ်ယို့ရှန်းက ရုပ်ရည်သွင်ပြင်နဲ့ စွမ်းအင်ကျင့်ကြံမှုမှာ ထူးချွန်ပေမယ့် အရာရာမှာ လူတိုင်းထက်သာလွန်နေတယ်လို့ မဆိုလိုဘူးလေ။ သူတို့သာ ဒီမိစ္ဆာကောင်ရဲ့ အားနည်းချက်ကို ရှာတွေ့ရင် လက်ရှိအခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်။

“ခင်ဗျားတို့ပြောချင်တာကို ကျုပ်သိပါတယ်.. တစ်ခုလောက်တော့ ရိုးရိုးသားသား ပြောပြချင်တယ်.. ကျုပ်က အရာအားလုံးမှာ ထူးချွန်တယ်လို့ မဆိုနိုင်ပေမယ့် ခင်ဗျားတို့လူတွေထက် သာလွန်နေတာပဲလေ..”

ရွှယ်ယို့ရှန်းက တော်ရုံသင့်ရုံသာ ပြောလိုက်ဟန်ထင်ရပေမယ့် စကားလုံးအသုံးအနှုန်းက ကျွမ်းကျင်လိမ္မာတယ်။

မူလကမ္ဘာမှာဆိုရင် သူ့ရဲ့ စောင်းတီး၊ ကျားထိုး၊ ဗဟုသုတနှင့် ပန်းချီရေးဆွဲခြင်း ပညာရပ်တွေက ငတုံးသာသာလောက်လို့ သတ်မှတ်ခံရနိုင်တယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာတော့ သူပိုင်ဆိုင်ထားတဲ့ ဗဟုသုတတွေက တလောကလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ လုံလောက်တယ်။

ပြောရမယ်ဆိုရင် သူသတ်မှတ်ထားတဲ့ အခြေခံစည်းမျဉ်းအရ..

ဇာတ်လိုက်က မူလကမ္ဘာပေါ်က လူကြိုက်များတဲ့ သီချင်းတစ်ပုဒ် ဆိုပြလိုက်ရင် ဒီကမ္ဘာပေါ်မှာတော့ ကောင်းကင်ဘုံရဲ့ တမန်တော်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now