အပိုင်း၄။ အချစ်သက်သေ

2K 238 31
                                    

Uni
" အမိက ကျုပ်ရင်ခွင်ထဲမှာဘယ်အချိန်ထိနေဖို့စဉ်းစားထားတုန်း"

ထိုစကားကြောင့် အနွယ် ထိုမိန်းကလေး၏ ရင်ခွင်ထဲကပြာသလဲလဲထွက်လိုက်ပြီးတောင်းပန်စကားဆိုလိုက်သည်။

" တောင်းပန်ပါတယ် "

" ရပါတယ် ဒါနဲ့ အမိက အပေါ်မှာတင်ထားသည့်ပိတ်စကို ယူဖို့ကြိုးစားနေတာလား"

" ဟုတ်တယ် မမလေး အနွယ် အဲ့ပိတ်စကိုယူမို့လုပ်နေတာပါ"

ဝတ်ပုံစားပုံကြည့်ရသည်နှင့်အထက်တန်းလွှာလူဂုဏ်ထံသူဌေးသမီးတစ်ယောက်ဖြစ်မှန်းအတပ်သိလိုက်ရသည်ကြောင့်အနွယ် မမလေးဆိုသည့်ဂုဏ်ပုဒ်ကိုတပ်လိုက်ခြင်းပေ။

" ဪ"

လေသံခပ်ယဲ့ယဲ့ဖြင့် ပြန်ဖြေပြီး အနွယ်မမှီသည့် ပိတ်စကိုအသာအယာဆွဲယူသွားသည့် မမလေးကြောင့် အနွယ့်မှာကြောင်အလျက်။ ချက်ချင်းဆိုသလို ဆိုင်ရှင်အမကြီးထံမှာ ငွေရှင်းပြီးဆိုင်အပြင်ပြန်ထွက်ဖို့လုပ်နေသည့် မမလေးကြောင့် အနွယ်မှာ ထိုမမလေးနောက်ပြေးလိုက်ရသေးသည်။

" မမလေး!"

ပြောလေဆိူသည့် အကြည့်ဖြင့်အနွယ့်ကို စိုက်ကြည့်လာသည်။ သာမန်အကြည့်လို့ထင်ရသော်ငြားလည်း အကြည့်ခံရသူအနွယ့်အဖို့တော့ ဖိအားတစ်ခုသက်ရောက်နေသလိုခံစားနေရသည်။

" အနွယ့်အတွက်မဟုတ်ပေဖူးလား"

" ဟင် ဘယ်လိုဘယ်လို"

" အဲ့ပိတ်စက အနွယ့်အတွက်မဟုတ်ပေဖူးလားလို့"

" ဒီမယ်အမိ ဒီပိတ်စက ကျုပ်ဟာ ကျုပ်ငွေရှင်းပြီးကျုပ်ဝယ်ခဲ့တာကို အမိက ဘယ်လိုမျက်နှာမျိုးနဲ့တောင်းနေရတာတုန်း"

ထိုအထက်စီးဆန်သည့်စကားကြောင့် မဟုတ်မခံစိတ်ကလေးက တဖွားဖွားထွက်ပေါ်လာရတော့ပေသည်။

" ဒီမှာ မမလေး အဲ့ပိတ်စက အနွယ့်အရင်တွေ့တာလေ အဲ့တာကိုဖြတ်လုသွားတာက ရော အဘယ်သူလဲ!"

" အဟွန်း! ဒါပေမဲ့ ကျူပ်က အရင်ယူလိုက်တာ‌ေလပိုက်ဆံ တောင်ရှင်းပြီးသွားပြီ !"

" မမလေး ! အဲ့လိုဆိုသရင် အနွယ့်ကိုအဲ့ပိတ်စ ပြန်ရောင်းပေးလို့ရမလားရှင့်"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now