အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း

2K 220 16
                                    

Uni

" လွတ်နော် ! ကယ်ကြပါ!"

" ဟဲ့ဟျောင်! ဒီကောင်မပါးစပ်ကို အဝတ်စနဲ့ဖြစ်ဖြစ်စို့ထားလိုက်!"

"ဘာလို့ ဒီလောက်တောင်အော်နေတာတုန်း ခနနေရင်အော်ဖို့ အားအင်လေးတွေချန်ထားဦးလေ မိန်းမလှလေးရဲ့!"

ပါးစပ်ထဲကို အဝတ်စစို့လိုက်သည်ကြောင့်အသံဟူ၍ ဝူး ဝူးဝါးဝါး အသံတွေသာကြားနေရသည်။ ဈေးကွဲချိန်ဖြစ်နေသဖြင့် ဈေးအတွင်းပိုင်းထဲတွင်လူပြတ်သည်။ အထူးသဖြင့် ဈေးနောက်ဘက်နားကလူပိုပြတ်သည်။

ကံမကောင်းလေတော့ အနွယ်ရောက်နေသည်နဲ့နေရာကဈေးနောက်ခြမ်းဖြစ်နေလေသည်။

အနွယ့်ကိုယ်ပေါ်မှာဝတ်ဆင်ထားသည့် အင်္ကျီ ကအတင်းဆွဲဖြဲလာသောထိုလူကြောင့် အနွယ်အားကုန်သုံးပြီးရုန်းကန်နေမိသည်။ သို့သော်ငြားလည်းယောက်ျားတစ်ယောက်အားကိုဘယ်လိုမှမရှင်နိုင်။

" ဒီကောင်မ! ငြိမ်ငြိမ်နေစမ်း "

* ဖြန်း*

အနွယ့်ပါးနုနုထက်သို့ပြင်းထန်လှသည့်ရိုက်ချက်ကြရောက်လာသည်ကြောင့် အနွယ့်မှာ ရုန်းကန်ချင်းကိုရပ်လိုက်မိတော့သည်။

အနွယ်စိတ်ထဲကနေ ခပ်မဲ့မဲ့တွေး‌ေနလိုက်တော့သည်။

ဇာတ်ဆရာက နာကျင်ခံစားပြီးမှသေခိုင်းချင်တယ်ထင်ပါရဲ့။

ဖြစ်သမျှအကြောင်းအကောင်းပဲလို့ ခပ်မဲ့မဲ့တွေးပြီးမျက်လုံးတွေကိုသာအတင်းအကျပ်မှိတ်ထားလိုက်သည်။

မတော်ကာဒီနေရာမှာသေသွားလဲ အပျော်မယ်တစ်ယောက်သေသွားတယ်ဆိုတဲ့သတင်းသာထွက်လာမယ်။ အနွယ့်ကိုဘယ်သူမှအရေးတယူလုပ်နေမှာမဟုတ်ဖူး။ ဘာကြောင့်နည်းဆိုတော့ အနွယ်ဟာ အပျော်မယ်တစ်ယောက်ဖြစ်နေလို့ပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* လွန်‌ေလခဲ့သော မိနစ်ပိုင်းခန့်*

သခင်မလေးနဲ့ရွှေရင်အေးဆိုင်မှာနှုတ်ဆက်စကားဆိုပြီးထွက်လာခဲ့သည်။
ဈေးတစ်ဝက်ကျော်ကျော်ထိလျောက်လာပြီးသည်မှ သျှင်းလေးက ရေအိမ်သွားချင်သည်ဟုဆိုသောကြောင့် အနွယ်လဲ ဈေးထဲမှာလျှောက်ပတ်ပြီးဝယ်စရာရှိတာတွေလိုက်ဝယ်နေလိုက်သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now