Extar

9.3K 747 10
                                    

<Unicode>
"မောင်ရေ အသီးလေးခွဲပေးပါအုံး"

"ရစေရမယ်ဗျာ"

"ပူတင်းလေးပါယူလာခဲ့ပေးနော်"

"ဟုတ်ကဲ့ပါဗျ"

ဧည့်ခန်းတွင်TVထိုင်ကြည့်နေတဲ့ဗိုက်ဗိုက်လေးရဲ့အသံစာစာလေးကြောင့်ဟင်းအိုးကိုမီးပိတ်ကာသူစားချင်တဲ့အသီးများကိုဂရုတစိုက်နွှာပေးကာပန်းကန်လေးထဲလှလှပပထည့်လိုက်သည်။သူ့မှာအရုပ်လေးကိုယ်ဝန်ရှိတာသိတဲ့နေ့က shockရသွားရသည်။သူလေးကကိုယ်မသိအောင်ပဲရစ်ကဆရာဝန်နဲ့တွေ့ပီးသားအိမ်ထည့်ထားသည်တဲ့လေ။အဲ့တာကြောင့်သူနဲ့အတူနေဖို့အမြဲငြင်းဆန်နေမှန်းခုမှသိတော့သည်။ဒီလောက်အန္တရာယ်များတဲ့အလုပ်ကိုသူမသိအောင်လုပ်ခဲ့သည့်အတွက်လွမ်းအားအပြစ်မတင်ရက်ပေ။တကယ်ဆိုသူအသုံးမကျတာပင်လွမ်းကိုဂရုမစိုက်နိုင်ခဲ့ရမလားဆိုပီးကိုယ်ကိုကိုယ်သွေးထွက်တဲ့အထိအပြစ်ပေးခဲ့သည်။သူက​လေးချစ်တာမှန်ပေမယ့်ချစ်ရသူလေးကိုမနာကျင်စေချင်ပေ။ဖြစ်ပီးပီမို့သူ့ဘက်ကလုပ်နိုင်တဲ့တစ်ခုတည်းသောအရာကအရင်ကထက်ပိုဂရုစိုက်ပေးရုံသာရှိတော့သည်။

"မောင်ရေကြာလိုက်တာ"

"လာပါပီဗျာ မောင်ရဲ့ဗိုက်ဗိုက်လေးရဲ့"

လွမ်းရဲ့ကိုယ်ဝန်ကအခုဆိုငါးလ​တောင်ရှိပီမို့ဗိုက်လေးကအနည်းငယ်ပူနေသည်။ကိုယ်ဝန်သုံးလလောက်ထဲကအစားကိုအရင်ကထက်ပိုစားလာသဖြင့်အရင်ကအင်္ကျီများတောင်အနည်းငယ်ကြပ်လာတာကြောင့်သူ့ရဲ့အင်္ကျီများကိုသာယူဝတ်စေသည်။

"မောင်လွမ်းဝက်သားတုတ်ထိုးစားချင်တယ်"

"အင်း မောင်လုပ်ပေးမယ်"

"ဟင့်အင်း အပြင်ဟာပဲသွားစားချင်တာလိုက်ပို့နော်"

"အပြင်ကဟာကကျန်းမာရေးနဲ့မညီညွတ်ဘူးလေ အခုကဗိုက်ဗိုက်လေးလဲရှိနေတော့....."

"အဟင့် မောင်ကလွမ်းကိုမချစ်တော့ဘူး အူးးဝါးး"

ရုတ်တရက်ထငိုတဲ့လွမ်းကြောင့်ရောင်နီခြေမကိုင်မိလက့မကိုင်မိဖြစ်သွားရသည်။အရုပ်လေးကကိုယ်ဝန်ဆိပ်ကြောင့်လားမပြောတတ်စိတ်ကအရမ်းနူးညံလာကာဝမ်းနည်းလွယ်လာသည်။

Revenge System(Completed)Where stories live. Discover now