Extar

8.5K 693 16
                                    

<Unicode>
"အရုပ်လေး စိတ်လှုပ်ရှားနေလားဟင်"

"အင်းမောင် ရင်တေအရမ်းတုန်နေတယ်"

"ဘာမှမဖြစ်ဘူး စိတ်အေးအေးထားနော်"

လွမ်းကိုစိတ်အေးအေးထားခိုင်းနေတဲ့မောင်ကသူကိုယ်တိုင်တောင်ချွေးစေးတေထွက်ကာဂနာမငြိမ်ဖြစ်နေသည်။ဒီနေ့ကလွမ်းအက်ထရာဆောင်းရိုက်မဲ့နေ့ဖြစ်သည်။တနည်းသားလေးလားသမီးလေးလားသိရမယ့်နေ့ပင်။နှစ်ယောက်လုံးစိတ်လှုပ်ရှားကာရင်ခုန်နေကြသည်။

"လူနာဝင်လို့ရပါပီ"

ဆရာဝန်ကခေါ်သည်နှင့်အခန်းထဲဝင်ကာကုတင်ပေါ်ထိုင်လိုက်တော့ဆရာဝန်ကဗိုက်ကိုလှန်လိုက်သည်။ထို့နောက်အရည်တမျိူးသုတ်လိမ်းပေးကာစက်ကလေးဖြင့်စမ်းကြည့်လိုက်တော့ဖန်သားပြင်တွင်သန္ဓေသားရုပ်လေးကပေါ်လာသည်။

"ဂုဏ်ယူပါတယ်သားလေးပါ"

"မောင် သားလေးတဲ့"

"ကိုယ်တို့ရဲ့သားလေး"

"ဒီကိုကြည့် ဒါလေးကခေါင်းလေး ဒါလေးကလက် ဒါလေးကခြေထောက် ကလေးရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်မလား"

"အဲ့လိုရလား"

"ရတာပေါ့ရှင်"

ဆရာဝန်ပေးတဲ့နားကြပ်လေးကိုနားထောင်ကြည့်လိုက်တော့တဒုတ်ဒုတ်နဲ့ခုန်နေတဲ့ကလေးရဲ့နှလုံးခုန်သံလေးကြောင့်မောင်ကထငိုပါလေရော။

"အီးး မောင့်သားလေး မောင့်အရုပ်လေး ဟီးး မောင်ချစ်ရတဲ့သူလေးတေ"

"မောင်ရယ်မငိုနဲ့လေ"

"မောင်ပျော်လွန်းလို့ပါ ဟင့် မောင့်ရင်ထဲကြည်နူးမှုကပြောမပြတတ်အောင်ပဲ"

"လွမ်းတို့ရဲ့သားလေးကိုမြန်မြန်တွေ့ချင်လှပီ"

"မောင်ရောပဲ"

>>>>>>

"အရုပ်လေးဗိုက်ဆာရင်တစ်ယောက်ယောက်ကိုခိုင်းနော်ကိုယ်တိုင်မလုပ်နဲ့ကြားလား လမ်းလျှောက်မယ်ဆိုလဲအခန်းထဲမှာပဲလျှောက် ရေချိုခန်းဝင်လဲသတိထားနော်"

"လွမ်းသိပါတယ်မောင်ရယ်"

"မောင်စိတ်ပူလို့ပါကွာ အမှန်ဆိုမောင်မသွားချင်ဘူး"

Revenge System(Completed)Where stories live. Discover now