Extar

8.8K 693 2
                                    

<Unicode>
ဆေးရုံ၌

"အရုပ်လေး!ငါ့အရုပ်လေးဘယ်မှာလဲ!"

ရောင်နီသူ့ဖုန်းမှnotiတက်တာကြောင့်မသင်္ကာလို့ကြည့်လိုက်မိတော့cctvမှတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ဒုန်းဆိုင်းပြေးလာတော့သည်။သူတို့ကိုမသင်္ကာတာကြောင့်cctvကိုဖုန်းနဲ့ချိတ်ထားတာမှန်သွားသည်။

"ကိုရောင်နီ စိတ်ထိန်းပါ လွမ်းကမွေးခန်းထဲမှပါ အ့"

ခွပ်..

"ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေးတေ!မင်းတို့ကိုငါမခေါ်လာခဲ့သင့်ဘူး မင်းကိုငါသတ်မယ်!"

ခွပ် ခွပ် ခွပ်

"အဲ့ အဲ့ အူဝဲ"

လူနာစောင့်ခုံပေါ်မှကလေးငိုသံကြားမှာရောင်နီအသိစိတ်ပြန်ဝင်တော့သည်။အောက်ကထက်မြတ်မှာမျက်နှာတစ်ခုလုံးသွေးများဖြင့်ရစရာမရှိတော့ပေ။

"ကြိုက်သလောက်ထိုးပါဗျာ မကျေနပ်သေးရင်သတ်ပါသတ်လိုက် ကျနော်မှားတာပါ ကျနော့်မိန်းမကိုကျနော်မထိန်းနိုင်ခဲ့တာကျနော့်အပြစ်တေပါပဲဗျာ"

"ဟာကွာ!တောက်စ်!"

"မင်း ငါ့မျက်စိရှေ့ကထွက်သွားတော့ ဘယ်တော့မှပြန်ပေါ်မလာနဲ့ မင်းကအရုပ်လေးကိုကယ်ခဲ့လို့မင်းကိုတော့လွှတ်ပေးလိုက်မယ်"

"ကျနော်ထွက်သွားပါ့မယ် ကျနော့်ရဲ့သားလေးကိုကြည့်ရှုစောက်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် အဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး"

ကလေးအားချီကာထွက်သွားတော့မယ့်အချိန်..

"နေအုံး ရော့ဒီကဒ်ကိုယူသွား အဲ့ထဲမှာသိန်း၂၀လောက်ရှိသေးတယ် ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်"

"မလုပ်ပါနဲ့တော့ဗျာ ခဗျားတို့အပေါ်အကြွေးတေများလှပါပီ"

"ယူသွားလိုက် ဒါမင်းအပေါ်ငါလုပ်ပေးနိုင်တာအကုန်ပဲ အရုပ်လေးချစ်တဲ့မင်းသားလေးကိုကောင်းကောင်းမွန်မွန်ရှင်သန်စေချင်တယ် ယူလိုက်"

"ရပါတယ်ဗျာ ကျနော်ရတဲ့လခတေကိုစုပီးဆိုင်ခန်းလေးတစ်ခန်းဝယ်ထားပါတယ် အဲ့မှာကျနော်ကော်ဖီဆိုင်လေးဖွင့်ဖို့စီစဉ်ထားတယ် သားလေးကိုကျနော်ကောင်းကောင်းစောင်ရှောက်ပါ့မယ်"

Revenge System(Completed)Where stories live. Discover now