အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု

1.9K 212 12
                                    

Uni

ယနေ့မနက်ခင်း လူပြောအများဆုံးသတင်းကိုပြောပါဆိုလျှင် စူရတီဘဇားဈေးအနောက်ဘက်တွင် သေပြီးသားယောက်ျားသုံးယောက်၏ အလောင်းကိုတွေ့သည်ဟုဆိုတဲ့သတင်းသာဖြစ်ပေလိမ့်မည်။ ကလေးက အစ ခွေးအဆုံးထိုသတင်းကို မသိတဲ့သူမရှိပေ။

အဘယ်‌ေကြာင့်နည်းလို့ဆိုရရင် မြန်မာနိုင်ငံ၏ အကြီးဆုံးသတင်းစာတိုက် တွေဖြစ်သည့် မြန်မာ့အလင်းသတင်းစာနှင့် သူရိယ(The Sun)သတင်းစာတို့၏ ထိပ်စီး၌ စာလုံးအမဲဖြင့် ဖော်ပြထားချင်းကြောင့်ပေ။

စူရတီဘဇားဈေးရှ်ိဈေးသည်များ၏ ပါးစပ်ဖျားတွင်လည်းထိုသတင်းဟာ ရေပန်းစားလျက်ရှိသည်။

စူရတီဘဇားဈေးအတွင်း

" ဟဲ့ တော်တို့ကြားပြီးပြီးမှလား ဟိုသတင်းလေ"

" ကြားပြီးပြီပေါ့အေ ကြက်သီးထလိုက်တာ ဖြစ်စရာရှားလို့ကျုပ်တို့စေျးတဲ့အေ တော်ကြာ ဈေးဝယ်သူတွေက ဒီသတင်းကြောင့် မလာတော့ရင် ငါတို့ပဲ ဒုက္ခရောက်မှာပါအေ"

" အေးလေတော်ဒီလိုသလိုကြတော့လည်း မှန်သားပဲ ဒါပေမဲ့ ကျုပ်တော့ စိတ်ချမ်းသာတယ် "

" အယ် လူသေတာကို ဘယ်နှယ့် တော် ကပျော်နေရသတုန်း"

ထိုဈေးသည်က ပြောနေရင်း ဘေးဘီဝဲယာကိုတစ်ချက်အကဲခတ်သလိုကြည့်ပြီး အသံတိုးတိုးနဲ့လာပြောသည်။

" ကျုပ်ပြောပြမယ် အဲ့သုံးယောက်ကလေ မိဘတွေကလည်း ပိုက်ဆံရှိကြတဲ့ပုံရတယ်အရင်တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို မတော်မတရားကျင့်ဖို့ကြိုးစားတာလေ အဲ့တာကောင်မလေးက သွားတိုင်တော့ အဲ့ဟိုလူ ကျုပ်မေ့နေလို့ အယ် မှတ်မိပြီ မှတ်မိပြီ တရားသူကြီးဦးလှ‌ေ‌လ သက်သေမခိုင်လုံပဲ လာပြောတယ်ဆိုပြီးအဲ့အတိုင်းပြန်လွှတ်လိုက်တယ် အဲ့အချိန်ကစပြီးအဲ့ကောင်မလေးက ရှက်ပြီး မြို့ပြောင်းသွားသလို ဟိုသုံးကောင်းကလည်း ပိုပြီးရဲတင်းလာတာအေ ကျုပ်ကတော့သေသွားတာပဲကောင်းတယ် လူ့အမှိုက်တွေ ကင်းတာပေါအေ"

" တဂယ် အယ်မလေး အဲ့လို လူ့အမှိုက်တွေက သေသွားမှအေးမှာ သတ်ပေးတဲ့သူကိုတောင် ကျေးဇူးတင်တယ်အေ"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now