အပိုင်း ၂၁ (အပိုင္း ၂၁)

482 62 52
                                    

Unicode

" ကလေးရာ ကိုကိုမောနေပြီ"

"ဘာလဲ မရပါဘူးနော် ဆော့ချင်သေးတာကို"

"နေပူနေပြီကလေးရ နေအေးမှတစ်ခါပြန်ဆော့"

"ဟွန့်! တော်ပြီ ကိုကိုပြန်ချင်ပြန်တော့"

မနက်စာစားပြီးကတည်းက
ကမ်းခြေမှာလာဆော့နေတာ နေ့လည်ပင်ရောက်တော့မည်။
သူနဲ့လိုက်ဆော့ပေးရတဲ့ကိုယ်က မောလို့
ဒီကလေးဆိုးကတော့မမောနိုင်မပန်းနိုင်ဆော့နေသေး၏။

"အာ...မဟုတ်တာ နေပူတော့ ကလေးအသားအရည်တွေပျက်စီးကုန်မှာပေါ့ နေလောင်ပြီးတော့"

"ဟင်...ကိုကိုပြောတာဟုတ်တယ်
အမလေးဒီအသားလေးတွေနေလောင်ရင်တော့ဒုက္ခပဲ လာပြီကိုကိုရေ..."

သူ့ဟာသူတော့စိုးရိမ်တတ်၏။
သူကပဲဦးဆောင်ပြီးဟိုတယ်ကို​ပြေးသွားသည်။

"သားတို့ဘယ်သွားနေကြတာလဲ မာမီတို့ကလိုက်ရှာနေတာ"

"ကမ်းခြေနားလေးသွားဆော့တာပါမာမီရ"

"ကဲပါ မာမီနဲ့ဒယ်ဒီအလုပ်ကိစ္စကပြီးပြီ
အဲ့တာ အစကတော့လည်မလို့ပါပဲ အခုကုမ္မဏီကိုအရေးတကြီးသွားရတော့မှာ"

"ဟင် အဲ့တာဆိုပြန်လိုက်ရမှာလား
မနေ့ကမှရောက်တာကိုဗျာ"

"နေပါအုံး မေမေပြောတာနားထောင်အုံး
သားနဲ့ဘီဘီကနေခဲ့ ကြိုက်သလောက်ပျော်ပြီးမှပြန်လာ ဟုတ်ပြီလား"

လောကမှာ ယွန်းဂီလောက်ကံကောင်းတဲ့လူမရှိနိုင်တော့ပေ
မိုးနတ်မင်းကြီးက သူတို့ကိုပျားရည်ဆန်းခရီးတစ်ခုဖန်တီးပေးလိုက်သလို...
.
.
.
.

ညနေခင်း ဆည်းဆာကအတော်လှသည်။
နေလုံးကြီးက တဖြည်းဖြည်းပင်လယ်ထဲကိုဝင်သွားသည့်နှယ်...

ကမ်းခြေတစ်လျှောက် လမ်းလျှောက်တဲ့လူခပ်ဝေးဝေးတွင် တစ်ယောက်စနှစ်ယောက်စသာရှိသည်။

သဲသောင်ပြင်ကြီးထဲမှာ ဟိုဘီနှင့်ယွန်းဂီနှစ်ယောက်တည်းသာ...

ဝင်သွားတဲ့နေလုံးကြီးဟာနောက်တစ်နေ့ပြန်ထွက်လာပြီး ကမ္ဘာမြေကြီးပေါ်ကိုထွန်းလင်းအုံးမှာ...
အဲ့လိုပဲ မင်ယွန်းဂီကလည်း ဘဝတစ်ခုမှာပျောက်ကွယ်သွားတဲ့အခါ
နောက်တစ်ဘဝမှာ ဂျောင်ဟိုဆော့ကိုပဲထပ်ပြီးချစ်နေမိအုံးမှာ...
.
.
.
.
ဟိုဘီကတော့ သဲသောင်ပြင်ပေါ်မှာတုတ်တစ်ချောင်းနဲ့ဘာတွေလုပ်နေမှန်းမသိ

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now