Chapter 26

2.6K 508 8
                                    

Uni

မနက်စာ အတူတူစားနေတဲ့အချိန်မှာ ဖေ့ချန်ရဲ့ အမူအရာတွေက နည်းနည်းထူးဆန်းနေတယ်လို့ နန်ဟွိုင်လင် မရေမရာ ခံစားရတယ်။ မျက်နှာကလည်း နီချင်နေတယ်။ မျက်လုံးတွေကလည်း ဟိုရှောင်လွှဲဒီရှောင်လွှဲနဲ့ ဘာစကားမှလည်း မပြောဘူး။

သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်စွာ စားသောက်မှုပြီးဆုံးသွားတဲ့နောက်မှာ ဖေ့ချန်က ရုံးတက်ဖို့ ထွက်သွားပြီး သူကတော့ အိမ်မှာ အိမ်အလုပ်တွေလုပ်ဖို့ လုပ်ငန်းစရမယ်။ အရင်ဆုံးဖေ့ချန်ရဲ့အခန်းကို သန့်ရှင်းရေးလုပ်ဖို့ဝင်လိုက်တော့ ကြမ်းပြင်မှာကျနေတဲ့ အောက်ခံဘောင်းဘီတစ်ထည်ကို လာလာချင်းတွေ့လိုက်ရတယ်။ အဲ့တာကို ကုန်းကောက်လိုက်တဲ့အချိန်မှာ အမှတ်မထင် ခြောက်သွေ့နေတဲ့အဖြူရောင်အရာတစ်ခုကို တွေ့လိုက်ရတယ်။ သိတဲ့အတိုင်းပဲ အဲ့ဒါဘာတွေလဲဆိုတာ သူသိတာပေါ့။ မကြာခင်မှာပဲ သူ့ရဲ့မျက်နှာကလည်း နီရဲလာတယ်။ မနက်စာစားနေတဲ့တစ်လျှောက်လုံး ဖေ့ချန်ထူးထူးဆန်းဆန်းတွေပြုမှုနေတာ မေးစရာတောင်မလိုတော့ဘူး။

နန်ဟွိုင်လင် ထပ်စဥ်းစားနေရင်းနဲ့ ရယ်လိုက်မိတယ်။ ဘယ်လိုပြောရမလဲ...ဖေ့ချန်က တော်တော်လေးအပြစ်ကင်းစင်တဲ့ပုံပဲနော်။ လူပျိုဖော်ဝင်ခါက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတိုင်းပဲ။

အိမ်မှုဝေယျာဝစ္စကိစ္စတွေ အကုန်ပြီးစီးသွားတော့ မနက် 10နာရီထိုးပြီးခါစပဲ ရှိသေးတယ်။

နန်ဟွိုင်လင် ရှန်မင်အန်ကို ရုံးခန်းမှာတွေ့ကြဖို့ဖုန်းဆက်ပြောလိုက်တယ်။ ဒါပေမယ့် ရှန်မင်အန်ပြန်ပြောတာက သူမက မနက်ပိုင်းမှာ အစည်းအဝေးတစ်ခုရှိတဲ့အတွက် နေ့လည် 2နာရီလောက်မှ တွေ့ဖို့အဆင်ပြေမယ်တဲ့။

တခြားဘာမှလုပ်စရာမရှိတာကြောင့် နန်ဟွိုင်လင် သူ့ရဲ့အရင်တိုက်ခန်းကို ပြန်သွားပြီး စာပို့သမားကို ခေါ်ကာ Idle Fishမှာရောင်းထားရတဲ့ပစ္စည်းတွေကို ပို့ခိုင်းလိုက်တယ်။ ထို့နောက် မန်နေဂျာရဲ့ရုံးခန်းကို အိမ်ငှားစာချုပ်အဆုံးသတ်ဖို့သွားလိုက်တော့ သူက နန်ဟွိုင်လင်ကို စရံငွေရော၊ ကျန်နေတဲ့ လဝက်စာအခန်းငှားကြေးရော ပြန်ပေးခဲ့တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now